နှစ်သစ်ကူးရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အထူးရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အထူးရထားခရီးစဉ်များအနေဖြင့် ရန်ကုန် – နေပြည်တော်နှင့် ရန်ကုန် – မော်လမြိုင် ခရီးစဉ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် – နေပြည်တော်ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီ ၃၀ တွင်( DEMU Express Train ) ကိုလည်းကောင်း၊ ရန်ကုန် – မော်လမြိုင် ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၉ နာရီ ၁၅ တွင် လေအိတ်အမြန်ရထားဖြင့် အသီးသီးတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် သွားလာမှုများသည့် အထူးရုံးပိတ်ရက်ကာလများ၌ အထူးရထားများကို စီစဉ်ပြေးဆွဲပေးနေပြီး လက်မှတ်ခနှုန်းထားနှင့် ခရီးစဉ်ဘူတာများကို မပြောင်းလဲဘဲ ပြေးဆွဲပေးနေကြောင်း သိရသည်။
ထို့ပြင် ရထားလက်မှတ်များကို ဖုန်းနှင့် ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းကနေတဆင့် ငွေပေးချေပြီးလည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင်လည်း အထက်တန်းလက်မှတ်များကို သုံးရက်နှင့်ရိုးရိုးတန်း လက်မှတ်ကို တစ်ရက်ကြိုတင်ပြီးလည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
