Home News Local News နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက် ပိတ်မည်

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက် ပိတ်မည်

0
100

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ ၄ ) ရက်အထိ တဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့ စနေနေ့ သည် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တို့အကြား ကြားရက်ဖြစ်နေခြင်းခြင်း အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ (၃) ရက်နေ့အစား ဇန်နဝါရီ (၁၀) ရက်နေ့ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။

ဇန်နဝါရီ (၃) ရက်နေ့သည့် နိုင်ငံတကား နှစ်သစ်ကူးရုံးပိတ်ရက်ကာလနှင့် တဆက်တည်းဖြစ်နေခြင်းနှင့် လွတ်လပ်ရေးနေ့အကြိုရက်ဖြစ်နေခြင်းကြောင့် ရုံးတက်ရက်ကို အစားထိုးပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၅) ရက် ၊၂၇ ရက် နှင့် ၂၈ ရက်တို့ကြားရှိ ဒီဇင်ဘာ (၂၆) ရက်နေ့ကို တစ်ဆက်ထဲ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ (၃) ရက်နေ့က ယခင်က အစားထိုးရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့‌သော်လက်ရှိပြင်ဆင်မှု အရ ၂၀၂၆ ဇန်နဝါရီ (၃) ရက်နေ့ အစား ဇန်နဝါရီ (၁၀) ရက်နေ့ကို ပြင်ဆင်သတ်မှတ်ခြင်းလည်း ဖြစ်သည်။

အများပြည်သူနှင့် နိုင်ငံဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန် နှင့် ရက်ရှည်အနားယူအပန်းဖြေစေနိုင်ရန်အတွက် တစ်ဆက်တည်းရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးပြီး အစားထိုးရုံးတက်ရက်များကို သတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here