၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၉,၀၃၂) ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သူများအနက်(၇,၃၀၈) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား(၁,၇၂၃)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်ကောင်းမွန်စွာထိန်း သိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
ပြည်နှင်လွှဲပြောင်းမှုများပြုလုပ်လျက်ရှိရာတွင် ဧပြီ ၂၂ ရက်ကလည်း ဖီလစ်ပိုင်နိုင်ငံသား(၁၀) ဦးနှင့် ရ ဝမ်ဒါနိုင်ငံသား(၁၀) ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
နစက မှ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုလုပ်ဆောင်နေသူများ၊ ပါဝင်ပတ် သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့ အစည်းများ၊ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံတို့ဖြင့်ဖော် ထုတ်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။