Sunday, January 4, 2026

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများ လွှတ်ပေးနေသည့်မြင်ကွင်း

ယနေ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် မြင်ကွင်း ပုံရိပ်များကို မြင်တွေ့ရခြင်းဖြစ်ပါသည်။ ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက်...

ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တပ်မတော်သားများ၊...

လူမင်း၊ ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့လည်းပါဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ယနေ့ ဇန်နဝါရီ ၄ ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်...

ထာဝရငြိမ်းချမ်းရေးတို့အတွက် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး...

ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး...
HomeNewsLocal Newsနှစ်လက်မပတ်လည်အရွယ် မြန်မာ့ရိုးရာလက်မှုရွှေရာဆိုင်း (၁၀ဝဝဝ)...

နှစ်လက်မပတ်လည်အရွယ် မြန်မာ့ရိုးရာလက်မှုရွှေရာဆိုင်း (၁၀ဝဝဝ) ဆိုင်းနှင့် စက်မှုရွှေရာဆိုင်း (၁၅၀၀၀)ဆိုင်း ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူ

၂၀၂၆ ခုနှစ် အတွင်း ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် နှစ်လက်မပတ်လည်အရွယ် ရွှေရာဆိုင်း မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်း (၁၀၀၀၀) ဆိုင်းနှင့် စက်မှုရွှေဆိုင်း (၁၅၀၀၀) ဆိုင်းကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားသည်။

ရွှေဆိုင်းရောင်းချလိုသူများအနေဖြင့် ဈေးပြိုင်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ဂေါပကအဖွဲ့ရုံး၊ ရွှေနှင့်ရတနာဌာန၌ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီတွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်များ တန်ဆောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများ လွှတ်ပေးနေသည့်မြင်ကွင်း

ယနေ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် မြင်ကွင်း ပုံရိပ်များကို မြင်တွေ့ရခြင်းဖြစ်ပါသည်။ ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသောအကျဉ်းသား/ အကျဉ်းသူ (၆၁၃၄) ဦး အား ပြစ်ဒ-ဏ်များ အပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။ ထို့ပြင် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ဦးကိုလည်း ၎င်းတို့၏ ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒ-ဏ်ပေးခဲ့ကြောင်းလည်း သိရသည်။ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင်...

ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တပ်မတော်သားများ၊ အနုပညာရှင်များ၊ လူပုဂ္ဂိုလ်များအားဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

လူမင်း၊ ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့လည်းပါဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ယနေ့ ဇန်နဝါရီ ၄ ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ဖြင့် ကျိုင်းယင်းဆရာတော်ကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တို့အပါအဝင် လူပုဂ္ဂိုလ်များကို နိုင်ငံတော် ယာယီသမ္မတမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့သည်။ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတော်အတွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၏ "စည်သူဘွဲ့"အား ဘဒ္ဒန္တခေမာစာရ (ကျိုင်းယင်းဆရာတော်)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး...

ထာဝရငြိမ်းချမ်းရေးတို့အတွက် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်

ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။ ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကနေ ယာယီသမ္မတ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071