မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် အလှူငွေကျပ်သိန်း(၁၀၀)နှင့် လှူဖွယ်ပစ္စည်းများကိုလှူဒါန်းပြီး လိုအပ်မှုများကိုကူညီပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှလည်း အလှူငွေ(၁၀)သိန်းကျပ်ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
