မန္တလေးတက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို(ဇူလိုင်၄)ရက်တွင်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
မန္တလေးတက္ကသိုလ်ကြီးကို၁၉၂၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ရာ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်သည်။ရာပြည့်နှစ်တွင်မန္တလေးငလျင်ကြီးကြောင့်ပင်မအဆောက်အအုံကြီးထိခိုက်သွားသည်ကလည်းကြေကွဲဖွယ်အမှတ်တရတစ်ခုပင်။မန်းမြေတွင်ပညာရည်နို့သောက်စို့ခဲ့ကြဖူးသုများအတွက်တော့အမိတက္ကသိုလ်၏ရာပြည့်ပွဲကိုအားခဲနေကြမည်ဖြစ်သည်။
ရာပြည့်အထိမ်းအမှတ်ပွဲတွင်မန္တလေးမြို့မတူရိယာအသင်းကြီးကလည်းရာပြည့်အချိန်နှင့်တိုက်ဆိုင်နေသဖြင့်ဂုဏ်ယူစွာတီးခတ်ဖျော်ဖြေပေးမည်ဖြစ်ရာနိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့်သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိ ချွန်၊ မစံပယ်တို့နှင့်အတူ မန္တလေးမြို့မတူရိယာအသင်း၏ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း(မြို့မ)၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး) တို့ကလည်းမန္တလေးတက္ကသိုလ်၏အနှစ်သာရများကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက် ကျော်ကြားခဲ့သည့် မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်သည်ဟု သိရသည်။
မန္တလေးတက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Friday Night Live Show အစီအစဉ်အဖြစ် တိုက်ရို-က်(Live) ရိုက်ကူးထုတ်လွှင့်မည်လည်းဖြစ်သည်။
ထိုနည်းတူMRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရို-က် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၆ ရက်တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်းသိရသည်။
