Saturday, June 7, 2025

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...
HomeNewsLocal Newsနှစ်စဉ်စားသုံးဆီတန်ချိန် ၆ သိန်းတင်သွင်း​နေသည့်...

နှစ်စဉ်စားသုံးဆီတန်ချိန် ၆ သိန်းတင်သွင်း​နေသည့် မြန်မာသည် ဆီပြန်လည်တင်ပို့နိုင်သည့်နိုင်ငံဖြစ်အောင် မည်သို့လုပ်​ဆောင်ကြမလဲ

မြန်မာအား ဆီတင်သွင်းသည့်နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် ဆောင်ရွက်ရန် မူဝါဒရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ၂၄.၂.၂၀၂၃ ၌ကျင်းပပြုလုပ်သည့် ပြည်တွင်းစားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့တင်ပို့နိုင်သည့် အခြေအနေသို့ရောက်ရှိအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအပြင် ပြည်ပမှဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းအပြင် ဆီတင်သွင်းသူလုပ်ငန်းရှင်အဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သူလုပ်ငန်းရှင်အဖြစ် ရောက်ရှိရေးကို စတင်ပြင်ဆင်ရမည့် အချိန်သည်ဟုဆိုသည်။

ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရန် မူဝါဒချမှတ်ဆောင်ရွက်နေပြီး နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊ ဆီစက်လုပ်ငန်းများတိုးတက်၍ အခွင့်အလမ်းကောင်းများရရှိနိုင်စေရန်နှင့် စားသုံးဆီထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး မြင့်မားလာစေရေးအတွက် အသင်းအဖွဲ့များက ဦးဆောင်၍ စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ နှင့် ၇၀၀၀ ဝန်းကျင်အထိ မြင့်တက်နေကြောင်း ရောင်းချသူများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လုပ်ငန်းခွင် မပျ-က်ဌာနအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်က လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU)မှ တာဝန်ခံ ဆရာဝန်အပါအဝင် ဝန်ထမ်း (၁၅)ဦးတို့သည် အဂတိ လိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်ရုံးရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်း (၁၂၂)ဦးတို့အား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုအပါအဝင် ဆေးဝါးကုသမှုများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို သုဝဏ္ဏအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ကျင်းပစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် ကိစ္စများကိုလည်းထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071