Looking for something?

Explore the website

Looking for something?

Thursday, June 5, 2025

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ်...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့...

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို...

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊...

အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည့်...

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ...

ပဲခူးတိုင်းအတွင်း ဇူလိုင်လကုန်အထိ ကျောင်းအပ်လက်ခံသွားမည်

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုတို့နှင့် ပတ်သက်၍...
HomeNewsLocal Newsနွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့်...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုနေထိုင်ရန် လိုအပ်ဟုဆို

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်း ပြောဆိုချက်အရ သိရသည်။

လက်ရှိ နွေရာသီကာလအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်သောကြောင့် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ် နွေရာသီတွင် အပူချိန်မများနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ရေးထားသည်။

၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖြစ်လာနိုင်သည့် အပူချိန်ကြို တင်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြ ည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှဖြစ်မြဲ အပူချိန်အထက် ဝ.၅°C မှ ၁°C အထိ ပိုမိုပူပြ င်းနိုင်သော်လည်း ယမန်နှစ်ထက် ၁°C ခန့် လျော့နည်းနိုင်ကြောင်း ၎င်းက ဆိုသည်။

အလားတူ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည် နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြ ည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဧပြီလ၏ ပျမ်း မျှဖြစ်မြဲအပူချိန်များအထက် ဝ.၂°C မှ ဝ.၅°C အထိ ပိုမိုပူ ပြင်းနိုင်ပြီး ပြီးခဲ့သည့် ၂၀၂၄ အယ်လ်နီညိုနှစ် အပူချိန်များထက် ၁.၅°C ခန့်လျော့နည်းနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှ န်းထားသည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ် ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှ ဖြစ်မြဲအပူချိန်အထက် ၁°C မှ ၁.၅°C အထိ အပူချိန်ပိုမိုနိုင်ကြော င်းနှင့် အယ်လ်နီညိုဖြစ်ခဲ့သော ၂၀၂၄ ခုနှစ်က အပူချိန်များထက် ပူပြင်းမှု လျော့နည်းနိုင်မည်ဟုလည်း ၎င်းက ဆိုသ ည်။

သို့သော် နွေရာသီကာလအတွင်း ဖြစ်လေ့ရှိသည့် ပူပြင်းခြောက်သွေ့မှုကြောင့် အပူချိန် ၄၀°C ဝန်းကျင်အထိ ဖြစ် လာနိုင်ပြီး အပူရှိန်နှင့် ခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို ပေါ့ဆ၍ မရကြောင်း ၎င်းက သတိပေးရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ် (၅,၀၀၀)နှုန်းဖြင့် လိုသ၍ ဝယ်ယူနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့ မေ (၁၁) ရက်မှ ဇွန် (၃) ရက်အထိ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဝယ်ယူနေရာမှ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လားရှိုးမြို့တွင် စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီအပါအဝင် ဒီဇယ်ဆီတို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ " အသောက၊ ပတ္တမြား၊...

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိက ပြည်ဝင်ခွင့်ပိတ်

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ပါဝင်သည်။ အခြားနိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ခရီးသွားများ၏ဝင်ရောက်မှုကိုမူ တစ်စိတ်တစ်ပိုင်း ကန့်သ-တ်မည်ဖြစ်သည်ဟု သိရသည်။ "ကျွန်တော်တို့နိုင်ငံကို အန္တရာယ်ပြုလိုတဲ့ အခုကန့်သတ်ထားတဲ့နိုင်ငံက လူ‌တွေ ကို...

အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည့် မြန်မာယူ – ၁၉ အမျိုးသမီးအသင်း

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စု (A )တွင် အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်နေသည်။ ယူ-၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်လ(၉) ရက်တွင် အိမ်ရှင် ဗီယက်နမ်၊ ဇွန် (၁၁)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071