အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့် မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀ ကေဗွီ မြင်းခြံ(သံမ ဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်- မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စစ် ဆေးပြုပြင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ပြီး စီးခဲ့ကြောင်း သိရသည်။
ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက် လက်ပြုပြင်ခဲ့ရာ နိုဝင်ဘာလတွင်ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေးဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦး ဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင်စစ်ဆေးပြုပြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပထမအဆင့်အဖြစ် နွားထိုးကြီးမြို့ပေါ် အရေး ကြီးနေရာများနှင့် ဌာနဆိုင်ရာရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မဓာတ်အားခွဲရုံရှိ ပျက်ဆီးသွားသော ထရန်စဖော်မာအား ယာယီအစားထိုးခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအားပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ဖြန့်ဖြူးရေးထရန်စဖော်မာအချို့အားပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများအားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့လည် ၃ နာရီခန့်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအ ခြေစိုက်ရုံးများနှင့် အရေးကြီးနေရာအချို့အား လျှပ် စစ်ဓာတ်အားပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့်( ၂၅)ရာခိုင်နှုန်းခန့်ကို လျှပ် စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက်ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ)- သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့ မထပ်ဆင့်ဓာတ်အားခွဲရုံ၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ ပြင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံ၊ မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၈၈)ရွာမှ မီးသုံးသူဦးရေ (၂၇,၉၃၁)ဦးအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
