Friday, June 20, 2025

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု...

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ...

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ...

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံ ကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဟု နစက မှဇွန် ၁၉ ရက်ကထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ...

ပါကစ္စတန် စစ်တပ်အကြီးအကဲကို ထရမ့်ပ် လက်ခံတွေ့ဆုံ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ပါကစ္စတန်နိုင်ငံ စစ်တပ်အကြီးအကဲ ဖီးမာရှယ်အဆင်းမူနီယာကို ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပါကစ္စတန်စစ်တပ် အကြီးအကဲကို ရှားရှားပါးပါး လက်ခံတွေ့ဆုံမှုသည် တောင်အာရှပြိုင်ဘက်နှစ်နိုင်ငံအကြား...
HomeNewsLocal Newsနျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုမြှင့်တင်ရေးကို...

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုမြှင့်တင်ရေးကို ထောက်ခံလျက်ရှိကြောင်း သံအမတ်ကြီး ဦးမင်းသိမ်းပြော

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုမြှင့်တင်ရေးကို ထောက်ခံလျက်ရှိကြောင်း သံအမတ်ကြီး ဦးမင်းသိမ်းပြော

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုမြှင့်တင်ရေးကို ထောက်ခံလျက်ရှိကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ပြောသည်။

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Vienna International Centre ၌ စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှု အဖွဲ့ (Board of Governors) အစည်းအဝေးတွင် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ မြန်မာနိုင်ငံ၏ သဘောထားအမြင်အား ဆွေးနွေးပြောကြားရာတွင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ် (NPT)၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုဘက်စုံတားမြစ်ရေးစာချုပ် (CTBT)၊ နျူကလီးယားပစ္စည်းနှင့် နျူကလီးယားဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးရေးသဘောတူစာချုပ် (CPPNM) နှင့် ၎င်း၏ပြင်ဆင်ချက်၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်ဖော်ဆောင်ရေး စာချုပ် (SEANWFZ)တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ ထို့အပြင် နျူကလီးယားလက်နက်များ တားမြစ်ရေးသဘောတူစာချုပ်(TPNW)၊ အလုံးစုံအကာအကွယ်ပေးရေးသဘောတူညီချက် (CSA) နှင့် NPT ၏ နောက်ဆက်တွဲစာချုပ် (Additional Protocol) တို့တွင်လည်း ပါဝင်လက်မှတ်ရေးထိုး ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားဘေးကင်းလုံခြုံမှုနှင့် အကာအကွယ်ပေးမှုများကို မြှင့်တင်၍ ခိုင်မာအားကောင်းလာစေရေးနှင့် နျူကလီးယားနည်းပညာများကို ငြိမ်းချမ်းစွာအသုံးပြုရေး ကဏ္ဍများတွင် အေဂျင်စီ၏လုပ်ပိုင်ခွင့်များနှင့် ဆောင်ရွက်ချက်များအား အစဉ်ထောက်ခံပေး လျက်ရှိကြောင်း သံအမတ်ကြီး ဦးမင်းသိမ်းက ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုမြှင့်တင်ရေးကို ထောက်ခံလျက်ရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရန်အတွက် နျူကလီးယားလက်နက်များနှင့် အခြား နျူကလီးယားဖောက်ခွဲရေးပစ္စည်းများကို နျူကလီးယားလက်နက်နိုင်ငံများမှ နျူကလီးယား လက်နက်မရှိသောနိုင်ငံများသို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လွှဲပြောင်းခြင်းမှ ရှောင်ကြဉ်ရန် အချက်၏အရေးပါမှုကို အလေးပေးဖော်ပြခဲ့ပြီး၊ နျူကလီးယားလက်နက်မပြန့်ပွားရေးကိစ္စရပ်များတွင် IAEA နှင့် အစိုးရအချင်းချင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ၏ အခန်းကဏ္ဍများကို ဆက်လက် ဆောင်ရွက်ရေးအပေါ် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။ မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခို-က်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။ ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်‌နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု အစ္စရေးဆို

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ တပ်ဆင်ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးလ်စစ်တပ်နှင့် ဝါရှင်တန်ရှိ အစ္စရေးသံရုံးတို့က ပြောကြားခဲ့သည်။ ၎င်းသည် ခုနစ်ရက်ကြာ စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်သောကလပ်စတာဗုံးတပ် ဒုံးကျည်ကို ပထမဆုံးအကြိမ် အသုံးပြုမှု ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသည်။ "ဒီနေ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးလ်နိုင်ငံက လူဦးရေထူထပ်တဲ့ အရပ်သားနေထိုင်ရာဒေသတစ်ခုကို အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်တဲ့ ကလပ်စတာဗုံးတပ် ဒုံးကျည်တစ်စင်းနဲ့ ပ-စ်ခ-တ်ခဲ့ပါတယ်" ဟု ရိုက်တာသတင်းဌာနသို့ သံရုံးက...

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံ ကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဟု နစက မှဇွန် ၁၉ ရက်ကထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား နစကမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၄၀ /၂၀၂၅)ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြင်ဆင်ပြဌာန်းရာ၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၄ ကိုလည်းအစားထိုးခဲ့ရာ ပုဒ်မ ၁၄ တွင် ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့်ဖွဲ့စည်းရမည်ဟု အစားထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071