Saturday, May 2, 2026

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန်...

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို...

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊...

မကွေးတိုင်းအတွင်း၌ ဆိုလာရေတင်စီမံကိန်းအသစ်များဖော်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေ တင်စီမံကိန်းအသစ်များကိုဖော်ဆောင်လျက်ရှိသည်။ အကျိုးပြုနိုင်မည့်ဧက (၆၀၀) အတွက် ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့်...
HomeInternationalနျူကလီယား တန်ပြန်တိုက်ခိုက်မှုကို ပုံဖော်သည့်...

နျူကလီယား တန်ပြန်တိုက်ခိုက်မှုကို ပုံဖော်သည့် ပေါင်းစပ်နည်းဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပထမဆုံး စတင်ပြုလုပ်

ကြီးမားသည့် ၆၀၀ မီလီမီတာ ဒုံးပျံများ ပါဝင်သော နျူကလီးယား တန်ပြန်တိုက်ခိုက်မှုကို ပုံဖော်သည့် ပထမဆုံး ပေါင်းစပ်နည်းဗျူဟာ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဦးဆောင်၍ ဧပြီ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

နိုင်ငံတော်၏အကြီးကျယ်ဆုံးနျူကလီးယားအကျပ်အတည်း သတိပေးချက်ထုတ်ပြန်သည့်အချိန်တွင် ‘Hwasanpalryong’ စနစ်မှ နျူကလီးယားတန်ပြန်တိုက်ခိုက်ရေးပုံစံသို့ကူးပြောင်းသည့် လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်စေရန် လေ့ကျင့်ခြင်းအဖြစ်ပြုလုပ်ခြင်းဖြစ်ပြီး၊ နျူကလီးယား တန်ပြန်တိုက်ခိုက်ရေး ကွပ်ကဲမှုစနစ်ကို ဖော်ဆောင်နေကြောင်း သတင်းဌာနက ရေးသားထားသည်။

အလွန်ကြီးမားသော ဒုံးကျည်ပစ်လွှတ်မှုများ၏ ထိမှန်မှုမြင့်မားခြင်းနှင့် တိကျမှုတို့ကို ကင်ဂျုံအန်က အလေးထားခဲ့ပြီး ဒုံးကျည်များသည်လက်ဖြောင့်သေနတ်မှ ကျည်ဆံများနှင့် အလားတူသည်ဟု သူကပြောကြားကြောင်း KCNA သတင်းတွင် ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစွမ်းအား ယုံကြည်စိတ်ချရမှု၊ သာလွန်မှု၊ စွမ်းအားနှင့် ကွဲပြားသောနည်းလမ်းများကို ပြသရန်နှင့် နျူကလီးယားစွမ်းအားကို အရည်အသွေးနှင့် ပမာဏအရ အားကောင်းစေရန်ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်နေသော ရန်သူများအား ပြတ်ပြတ်သားသား သတိပေးသည့် အချက်ပြခြင်း ဖြစ်ကြောင်း ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုး‌ကောက်မည်ဟု ထရမ့် ကြေညာ

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ “ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ အပြည့်အဝသဘောတူညီထားတဲ့ ကုန်သွယ်ရေးစာချုပ်ကို လိုက်နာခြင်းမရှိတဲ့အတွက်၊ လာမည့်အပတ်မှာ အမေရိကန်နိုင်ငံထဲကို တင်သွင်းလာမယ့် ဥရောပသမဂ္ဂရဲ့ ကားတွေနဲ့ ထရပ်ကားတွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားတွေကို တိုးမြှင့်သွားမယ်လို့ ကြေညာရတဲ့အတွက် ဝမ်းသာပါတယ်။ အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာပါ” ဟု အမေရိကန်ခေါင်းဆောင်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင်...

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန် အကောက်ခွန်ဦးစီးဌာန ကြေညာ

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ) ၌ ကျင်းပသွားမည်ဖြစ်သည်။ လေလံပုံစံများကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် မေ ၆ ရက်မှ ၇ ရက်အထိ ရုံးချိန်အတွင်း...

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ် မသွားကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်မီး လေ-ာင်မှုဖြစ်ပွား၍ ဝါးခယ်မမြို့နယ်မီးသ-တ်စခန်း၊ ရွှေလောင်း/ကျုံမငေး/ရွာသစ်/မော်ကျွန်းမြို့နယ် မီးသ-တ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် စက်သုံးဆီအရောင်းဆိုင်မှာပျ-က်စီးဆုံးရှုံးခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071