Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeNewsLocal Newsနေ့စဥ်အာဟာရဒါနအလှူရေရှည်တည်တံ့စေရန် "ထိုက်သူပန်"တန်ဖိုးနည်းယာဥ်လိုင်းအား မကြာမှီပြေးဆွဲသွားမည်

နေ့စဥ်အာဟာရဒါနအလှူရေရှည်တည်တံ့စေရန် “ထိုက်သူပန်”တန်ဖိုးနည်းယာဥ်လိုင်းအား မကြာမှီပြေးဆွဲသွားမည်

နေပြည်တော်အခြေစိုက် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ နံနက်ခင်းအာဟာရဒါနကျွေးမွေးခြင်းနှင့် ညနေခင်းအာဟာရဒါနကျွေးမွေးခြင်းတို့ကို ၂၀၂၀ ပြည့်နှစ်မှစတင်၍ နေ့စဥ် လှူဒါန်းကျွေးမွေးခဲ့ရာ ညနေခင်းအာဟာရဒါနကျွေးမွေးမှုအနေဖြင့် ရက်ပေါင်း(၁၈၃၅)ရက်သို့ရောက်ရှိခဲ့ပြီဖြစ်ရာ (၅)နှစ်ပြည့်ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အာဟာရဒါနကျွေးမွေးလှူဒါန်းမှုရေရှည်တည်တံ့စွာကျွေးမွေးနိုင်စေရေးအတွက် “ထိုက်သူပန်”တန်ဖိုးနည်းအဝေးပြေးယာဥ်လိုင်းတစ်ခုကို မကြာမှီပြေးဆွဲသွားမည်ဖြစ်ကြောင်း “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောကြားခဲ့သည်။

” စလှူတဲ့အချိန်က မနက်စာကို(၅)သောင်းနဲ့ ညနေစာကို(၂)သိန်းလောက်ကျတယ်။ အားလုံး(၂)သိန်းခွဲဆိုရင် အေးအေးဆေးဆေးစားလို့ရတယ်။ အခုတစ်ရက်ကို(၅)သိန်းနဲ့ဆိုရင်တောင်မှမလွယ်ဘူး။ ကျွန်တော်က အလှူရှင်တွေကိုမမျှော်လင့်ဘူး။ ဒီလိုနေ့စဥ်ရက်ဆက် အလှူကြီးလှူဖို့ဆိုရင် ကျွန်တော်တို့မှာ လှူမယ့်သုံးမယ့်ငွေလိုတယ်။ အခုက “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကရတဲ့ပိုက်ဆံနဲ့လှူတယ်။ ကုန်စျေးနှုန်းတွေကအချိန်နဲ့အမျှတက်နေတာ အခု (၂)သိန်းခွဲကနေ (၅)သိန်းအထိတက်လာပြီ”ဟု ဦးစိုးလှမြင့်ကပြောသည်။

ထို့ကြောင့် အလှူအတွက်အသုံးစရိတ်ရရှိစေရန်၊ မိဘပြည်သူများအကျိုးရှိစေရန်၊ မိဘပြည်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာနိုင်စေရန်ရည်ရွယ်၍ “ထိုက်သူပန်”တန်ဖိုးနည်းအ ဝေးပြေးယာဥ်လိုင်းအား မကြမှီပြေးဆွဲသွားရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“ကျွန်တော့်ရဲ့လုပ်ဆောင်မှုတိုင်းက မိဘပြည်သူတွေကိုဗဟိုပြုတာဖြစ်တဲ့အတွက် ဒီအလှူကြီးရေရှည်တည်တံ့နိုင်ဖို့ တန်ဖိုးနည်းအဝေးပြေးယာဥ်လိုင်းတစ်လိုင်းကို ပြေးဆွဲပေးဖို့လုပ်ဆောင်ခဲ့တာပါ။ ဒီကားတွေကိုစီးမယ်။ ဒီကားတွေနဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးလုပ်နေမယ်ဆိုရင် မိဘပြည်သူတွေသုံးတဲ့ပိုက်ဆံတွေဟာ ဒီအလှူကြီးထဲကိုပဲရောက်သွားမှာပါ။ ဒီရတဲ့ပိုက်ဆံတွေအားလုံးကို နေ့စဥ်အာဟာရဒါနကျွေးမွေးဖို့အတွက် အသုံးပြုသွားမှာပါ။ ခရီးစဥ်ကတော့ ရန်ကုန်- မန္တလေး-လားရှိုးအထိ ဆွဲရင်ဆွဲမှာပါ။ ကျွန်တော် အစကတွေးထားတာက ဒီအလှူကြီးကို(၅)နှစ်ပြည့်ရင်ရပ်မယ်လို့တွေးထားတယ်။ ဒါပေမယ့် ငလျင်ကြီးလှုပ်ပြီးတဲ့အချိန်မှာ ကျွန်တော်ဆက်ကျွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဦးစိုးလှမြင့်ကပြောသည်။

အဆိုပါ “ထိုက်သူပန်”ညနေခင်းအာဟာရဒါနကျွေး မွေးမှု(၅)နှစ်ပြည့်အား သြဂုတ် ၂၃ ရက်ညနေပိုင်းက နိဗ္ဗာန်စျေးအဖြစ် မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ နို့စိမ်းခေါက်ဆွဲ၊ အအေးနှင့် မန္တလေး မြင့်မြင့်ခင် လမုန့်တို့ကိုကျွေးမွေးလှူဒါန်းခဲ့ပြီး ဖျော် ဖြေရေးအစီအစဥ်အပြင် လာရောက်စားသုံးသူတစ်ဦးလျင် (၅,၀၀၀)ကျပ်စီ လှူဒါန်းပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071