Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeNewsFootballနောက်တစ်ဆင့် တက်ခွင့်ရရန် ဗီယက်နမ်နှင့်...

နောက်တစ်ဆင့် တက်ခွင့်ရရန် ဗီယက်နမ်နှင့် ပွဲစဉ်ကို ရေကုန်ရေခမ်း ကစားသွားမည်ဟု မြန်မာအသင်းခေါင်းဆောင်ပြော

အုပ်စုတွင်း အင်အားအကောင်းဆုံးဖြစ်သည့် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် မြန်မာအသင်းအနေဖြင့် ရလဒ်ကောင်းထွက်ပေါ်ပြီး နောက်ထပ်တစ်ဆင့်တက်ခွင့်ရရန် ကြိုးစားသွားမည်ဟု အသင်းခေါင်းဆောင် သီဟဇော်က ပြောသည်။

ယနေ့ ဒီဇင်ဘာ (၂၀) ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

” မနက်ဖြန်ပွဲစဥ်မှာ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး ရလဒ်ကောင်း တစ်ခုရယူဖို့၊ နောက်တစ်ဆင့် တက်နိုင်ဖို့ ရေကုန်ရေခမ်း ယှဥ်ပြိုင်သွားပါမယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ပရိသတ်အားပေးသလိုမျိုး မနက်ဖြန်ပွဲစဥ် ကြည့်ရှုအားပေးနေတဲ့ ပရိသတ်အတွက် တစ်သင်းလုံး အစွမ်းကုန် ကြိုးစားသွားပါမယ်”ဟု သီဟဇော်က ပြောသည်။

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်တစ်ခုဖြစ်သည့် ဗီယက်နမ်-မြန်မာပွဲစဉ်အား မြန်မာ အသင်းအနေဖြင့် ဒီဇင်ဘာ (၂၁) ရက် (မနက်ဖြန်)တွင် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

“ဗီယက်နမ်က အုပ်စုထဲမှာ အတောင့်တင်းဆုံး အသင်းတစ်သင်း ဖြစ်တယ်ဆိုတာ အားလုံး သိပါတယ်။ ဗီယက်နမ်အသင်းမှာ တစ်ဦးချင်း ကျွမ်းကျင်မှုရှိတဲ့ ကစားသမားတွေ၊ လူငယ်နဲ့ စီနီယာကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး အ ခုပြိုင်ပွဲအတွက် အချိန်ယူ လေ့ကျင့်ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ လာအိုနဲ့ပွဲကလို နောက်ဆုံးအချိန်ထိ စိတ်ဓာတ် ကောင်းကောင်း၊ ကစားအား ကောင်းကောင်းနဲ့ ကြိုးစားပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတ ယ်”ဟု မြန်မာအသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဆိုသည်။

မြန်မာ-ဗီယက်နမ် ပွဲစဉ်အတွင်း မောင်မောင်လွင် မပါ၀င်နိုင်မှုအတွက် နေရာအစားထိုးနည်းစနစ်ဖြင့် ကစားသွားရန် စီစဉ်ထားရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့ပြင် ယခုပွဲစဉ်သည် နှစ်ဘက်အသင်း အုပ်စုအဆင့်တက်ရောက်ရန် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် မြန်မာအသင်းအနေဖြင့် တစ်သင်းလုံးကြိုးစားယှဉ်ပြိုင်သွားမည် ဆိုသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော အဆင့်သို့ ရောက်ရှိ

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော အပူဒ-ဏ်ကိုခံစားရသကဲ့သို့ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့သည်။         ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) က နံနက် ၇ နာရီခွဲတွင် ယင်းသို့ သတိပေးချက်ထုတ်ပြန်ခဲ့ကာ နေ့လည်ပိုင်းအချိန်များတွင် ပြင်ပလှုပ်ရှားသွားလာမှုများကို ရှောင်ရှားကြရန် လူထုကို တိုက်တွန်းခဲ့သည်။       ခံနိုင်ရည်အားနည်းသော အုပ်စုဝင်များအနေဖြင့် မိမိကိုယ်ကိုယ် အထူးဂရုစိုက်သင့်ကြောင်းလည်း BMA က ပြောကြားခဲ့သည်။      ထိုအုပ်စုဝင်များထဲတွင် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က ပြည်နှင်ဒ-ဏ်ပေး

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင် အွန်လိုင်း လှည့်ဖြားမှုနှင့် နိုင်ငံဖြ-တ်ကျော် ရာဇ၀တ်မှု ကွန်ရက်များနှင့် ချိတ်ဆက်မှုဖြင့် ပြည်နှင်ဒ-ဏ်ပေးခဲ့သည်။ "ကမ္ဘောဒီးယားဥပဒေနဲ့အညီ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်ပို့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သံသယရှိသူ ၃၀ ဦးကို ဖမ်းဆီးထားပါတယ်။ ကမ္ဘောဒီးယားမှာ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေနဲ့ ပတ်သက် ပြီးတော့ ကမ္ဘောဒီးယားမှာ ဆက်လက် တရားစွဲမှာပါ" ဟု...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ ၆၆-ကေဗွီ ဓာတ်အားခွဲရုံများမှ ကျွမ်းကျင်ဝန် ထမ်းများက အဖွဲ့များခွဲ၍ ယနေ့ မေ ၁ ရက်မှ မေ ၅ ရက်အထိကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ​လစဉ်ဓာတ်အားသုံးစွဲယူနစ်များမှန်ကန်မှုရှိစေရေး၊ မီတာပြဂဏန်းများကို ပိုဖတ်ခြင်း/လိုဖတ်ခြင်းများ မရှိစေရေး၊ ​တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ် ဆေးဖော်ထုတ်ခြင်းနှင့် ​ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းကျဆင်းစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မီတာများဖတ်ရှုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သုံးစွဲသူများယုံကြည်မှုရှိစေရန်အတွက် မီတာဖတ်ရှုပြီးစီးမှုအပေါ် အိမ်ရှင်များက ကိုယ်တိုင်မြင်တွေ့သိရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071