Looking for something?

Explore the website

Looking for something?

Thursday, June 5, 2025

ခရိုင်းမီးယားတံတားပေါ-က်ကွဲ‌ သော်လည်း ထိခို-က်ပျ-က်စီးမှုမရှိဟုဆို

မော်စကို၊ဇွန် ၄ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ခရိုင်းမီးယားတံတားကို တို-က်ခို-က်ရန်ကြိုးပမ်းခဲ့သော်လည်း ပျ-က်စီးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ခရမ္မလင်ကအတည်ပြုပြောကြားခဲ့သည်။ "တံတားက တကယ်ဖေ-ာက်ခွဲခံခဲ့ရတာပါ၊ ဒါ‌ပေမဲ့ ဘာမှတော့ ကြီးကြီးမားမားမပျ-က်စီးခဲ့ပါဘူး၊ တံတားက ပုံမှန်အတိုင်းအသုံးပြုလို့ရနေပါတယ်"...

အီဗီကားများကို ​ဒေါ်လာတ​စ်​သောင်း​အောက်ဖြင့် ထိုင်းတွင်​ရောင်း

NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချ​နေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရသဖြင့် အဆိုပါပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု...

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း...
HomeNewsLocal Newsနောက်ဆုံးအကြိမ်အဖြစ် သင်ရိုးဟောင်း တက္က...

နောက်ဆုံးအကြိမ်အဖြစ် သင်ရိုးဟောင်း တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများ စက်တင်ဘာ ၁ ရက်မှစတင်၍ ဖြေဆိုခွင့်လျှောက်ထားနိုင်

နောက်ဆုံးအကြိမ်အဖြစ် သင်ရိုးဟောင်း တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများ စက်တင်ဘာ ၁ ရက်မှစတင်၍ ဖြေဆိုခွင့်လျှောက်ထားနိုင်

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့်အ ကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသည့် ကျောင်းသား၊ကျောင်းသူများအတွက် နောက်ဆုံးအကြိမ်အဖြစ် စနစ်ဟောင်း၊သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၃ ခုနှစ်တွင်ကျင်းပသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သြဂုတ် ၂၃ ရက် (ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇ဝဝ ကျပ်နှင့်လျှောက်လွှာတစ်စောင် ၂၀ဝ ကျပ်(စုစုပေါင်း ၉ဝဝ ကျပ်ကုန်ကျမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့်ဖြေဆိုမည့်သူများသည် အစိမ်းရောင်ဝင်ခွင့်လျှောက် လွှာနှင့်ကတ်ပြားပုံစံ၊ ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများသည် ပန်း ရောင်ဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားပုံစံတို့ဖြင့် တင်သွင်းရမည်ဖြစ်သည်။

အလားတူ အ.ထ.က ကျောင်းများ၊ကျောင်းခွဲများ၊တွဲဖက်ကျောင်းများနှင့်ကိုယ်ပိုင် အ.ထ.ကကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာ မေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်း၌ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ် ဦးစီး ဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည် ဖြစ် သည်။

ထို့အတူ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာ ရေးမှူးရုံး၌ သတ်မှတ်ရက်များအတွင်း တင်သွင်းရမည်ဖြစ်သည်။

ထို့ပြင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံ၌ မိဘအမည်၊မွေးသက္က ရာဇ်များအား ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန် ကန်စွာဖြည့်စွက်ရမည်ဖြစ်သည်။

အလားတူ စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားတွင်ပါရှိသည့် ဘာ သာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများကိုမှန်ကန်မှု ရှိ၊မရှိ သေချာစွာစစ် ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာပုံစံများနှင့်ငွေသွင်းတံဆိပ်ခေါင်းများအား မြန်မာနိုင် ငံစာစစ်ဦးစီးဌာနရုံးချုပ်၊ရုံးအမှတ်(၅၂)၊နေပြည် တော်နှင့်ရန်ကုန်မြို့၊လှိုင်တက္ကသိုလ်နယ်မြေ၊ ၁၂ ရပ်ကွက်၊ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၌ ဝယ်ယူနိုင်ကြောင်း သိရသည်။

ပုံစာ – ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ် ပုံရိပ်များ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခရိုင်းမီးယားတံတားပေါ-က်ကွဲ‌ သော်လည်း ထိခို-က်ပျ-က်စီးမှုမရှိဟုဆို

မော်စကို၊ဇွန် ၄ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ခရိုင်းမီးယားတံတားကို တို-က်ခို-က်ရန်ကြိုးပမ်းခဲ့သော်လည်း ပျ-က်စီးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ခရမ္မလင်ကအတည်ပြုပြောကြားခဲ့သည်။ "တံတားက တကယ်ဖေ-ာက်ခွဲခံခဲ့ရတာပါ၊ ဒါ‌ပေမဲ့ ဘာမှတော့ ကြီးကြီးမားမားမပျ-က်စီးခဲ့ပါဘူး၊ တံတားက ပုံမှန်အတိုင်းအသုံးပြုလို့ရနေပါတယ်" ဟု ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဖေ-ာက်ခွဲခံရမှုကြောင့် ခရိုင်းမီးယားတံတားပေါ်၌ ခေတ္တခဏ ယာဉ်ကြောပိတ်ဆို့ရပ်တန့်သွားသည်မှ အပကြီးကြီးမားမားပျ-က်စီးမှုမရှိခဲ့ဟုလည်း သိရသည်။ တံတားအောက်တွင် တီအင်န်တီ ကီလိုဂရမ် ၁,၁၀၀ ခန့်နှင့်ညီမျှသော ဖေ-ာက်ခွဲရေးပစ္စည်းများဖြင့် ဖေ-ာက်ခွဲခဲ့ခြင်းဖြစ်ပြီး ခရိုင်းမီးယားတံတားကို တတိယအကြိမ်မြောက် ဖေ-ာက်ခွဲခြင်းဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးဌာနကပြောကြားခဲ့သည်။ ထိုနေ့၌ပင် ရုရှားဖက်ဒရယ်လုံခြုံရေးဌာန၏ ဗီဒီယိုတစ်ခုအရ ခရိုင်းမီးယားမြို့မှ ဖမ်းဆီးခံထားရသည့် တံတားဖေ-ာက်ခွဲသူဟုသံသယရှိသူတစ်ဦးက ကိဗ်၏ခိုင်းစေမှုအရ...

အီဗီကားများကို ​ဒေါ်လာတ​စ်​သောင်း​အောက်ဖြင့် ထိုင်းတွင်​ရောင်း

NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချ​နေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ ၉,၁၃၅)ထိ စျေးနှုန်းများကို လျှော့ချလျှက်ရှိသည်။ အခွန် VAT အပါအဝင် ဘတ် ၃၁၉,၀၀၀ ($၉,၇၄၅)၊ ​ဒေါ်လာတ​သောင်းခန့် ဖြင့် ရောင်းချ​နေသည်။ အရောင်းကိုယ်စားလှယ်များသည် ဝန်ထမ်းများ အစုလိုက်အပြုံလိုက်နုတ်ထွက်မှု​ကြောင့်ကိုယ်စားလှယ်ယူခြင်းများ ကို ရပ်တန့်ကြ​တော့မည်ဖြစ်သည်။ ဇွန်လ ၄ ရက်နေ့တွင် စျေးနှုန်းကို သိသိသာသာ လျှော့ချလိုက်ကာ ၂၀ ရာခိုင်နူန်း​လျော့​စျေး၊ ၄ စီးဝယ် တစ်စီးအခမဲ့ရအပါအဝင်လက်ကားပရိုမိုးရှင်းများကို...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း Passport လျှောက်ထားခြင်းများအား တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရသဖြင့် အဆိုပါပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။ ထိုသို့ လုပ်ဆောင်မှုသည် စာရွက်စာတမ်း အတုပြုလုပ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှုကဲ့သို့သော ပြစ်မှုများနှင့် သက်ဆိုင်ကာ နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်နိုင်ခြေရှိသည်ဟု အသိပေးချက်တွင် ပါရှိသည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုထိခို-က်စေနိုင်သည့်အပြင် ပြည်သူလူထုနှင့် အစိုးရအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071