Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsနေရပ်စွန့်ခွာတိမ်းရှောင်ရသူများ ပိုများလာ၍ အိုင်စီအာရ်စီက...

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ ပိုများလာ၍ အိုင်စီအာရ်စီက စိုးရိမ်ပူပန်

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ ပိုများလာ၍ အိုင်စီအာရ်စီက စိုးရိမ်ပူပန်

မြန်မာနိုင်ငံအတွင်းနှင့်မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ ပိုများလာ၍ အိုင်စီအာရ်စီက စိုးရိမ်ပူပန်​​နေ​ကြောင်း ရန်ကုန် နှင့် ဘန်ကောက် တို့တွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (အိုင်စီအာရ်စီ) က သတင်းတစ်ရပ် ဇန်နဝါရီ ၇ရက်တွင်ထုတ်ပြန်သည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောလက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်တွင် မြန်မာနိုင်ငံ၊ မြဝတီခရိုင် နှင့် ထိုင်းနိုင်ငံ၊ တက်(ခ်)ပြည်နယ်၊ မဲဆောက်ခရိုင်အကြားရှိ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ယာယီရွှေ့ပြောင်းနေထိုင်နေရသည့် ထောင်ပေါင်းများစွာသော မိသားစုများရှိနေသည့်အပေါ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) က စိုးရိမ်ပူပန်ခြင်းဖြစ်သည်။

အိုင်စီအာစီအဆိုအရ လွန်ခဲ့သည့် ရက်သတ္တပတ် သုံးပတ်ကာလအတွင်း လေးကေကော်ဒေသအတွင်း ပြင်းထန်သည့်တိုက်ပွဲများကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး လူပေါင်း ၈,ဝဝဝ နီးပါးခန့်သည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ရပြီး ထိုကာလအပိုင်းအခြားအတွင်းမှာပင် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့သူများထဲမှ လူဦးရေမည်မျှဟု အတည်ပြုနိုင်သေးခြင်းမရှိသည့် စစ်ဘေးရှောင်ပြည်သူများမှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အချို့မှာ ထိုင်းနိုင်ငံရှိ ဒေသတွင်းတာဝန်ရှိသူများက ပံ့ပိုးပေးထားသည့် ယာယီခိုလှုံရာနေရာများတွင် နေထိုင်နေကြရသည်ဟုသိရသည်။

ထိုင်းနိုင်ငံရှိ အိုင်စီအာရ်စီကိုယ်စားလှယ်ရုံးမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အဖွဲ့များသည် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့်မိသားစုများအတွက် ယင်းနိုင်ငံရှိတာဝန်ရှိသူများမှတဆင့် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများ လှူဒါန်းခြင်းအပါအဝင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို တုံ့ပြန်ကူညီသွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် နယ်စပ်ဒေသတစ်လျှောက်ရှိ ဆေးရုံများ၊ ဆေးခန်းများ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ကျန်းမာရေးဆိုင်ရာဖောင်ဒေးရှင်းများအပါအဝင် လက်ရှိမိတ်ဖက်များနှင့် လုပ်ငန်းဆောင်ရွက်နေသည့် မူဘောင်အတွင်းမှနေ၍ ချင်းမိုင်ရှိ အိုင်စီအာရ်စီရုံးခွဲသည် ဒီဇင်ဘာလ ၁၅ရက်မှ စ၍ ကရင်ပြည်နယ်မှ စစ်လက်နက်ကြောင့်ထိခိုက်ဒဏ်ရာရရှိသည့် လူနာ ၃၁ ဦးအား အထောက်အပံ့များ ကူညီပံ့ပိုးပေးခဲ့ကြောင်း ဆိုသည်။

အိုင်စီအာရ်စီသည် အများဆုံးထိခိုက်ခံစားရသူများရှိရာ နေရာဒေသများသို့ လူသားချင်းစာနာ ထောက်ထားမှု သက်သက်သာဖြစ်သည့် လုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခွင့်ရရှိရန် ယခုလက်ရှိတွင် နှစ်နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း ဆိုသည်။

အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများနှင့် အရပ်ဘက်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများမှ ရှောင်ကြဉ်နိုင်ရန် ဖြစ်နိုင်သည့် ကြိုတင်ကာကွယ်မှုများ အားလုံးကို ဆောင်ရွက်ကြရမည့် မိမိတို့၏တာဝန်ဝတ္တရားများကို လေးစားလိုက်နာကြရန်၊ ထိခိုက်ဒဏ်ရာရရှိထားသူများ နှင့် ဖျားနာနေသူများအား လုံလောက်သည့် ဆေးကုသမှု ရရှိကြစေရန်နှင့် ခွဲခြားမှုမရှိသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်တို့ကို အိုင်စီအာရ်စီသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အစည်းများအားလုံးအား ထပ်လောင်းအသိပေးခဲ့သည်။

အိုင်စီအာရ်စီသည် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့်သူများအား အရေးပေါ်စားနပ်ရိက္ခာများအပြင် ယာယီနေထိုင်စရာများမှစ၍ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပံ့ပိုးမှုများအထိ အရေးကြီးသည့် ပစ္စည်းများအပါအဝင် အလျှင်အမြန် လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကူညီပံ့ပိုးသွားရန် အသင့်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်ဖြင့်ပြောသည်။

Zaw Gyi

ေနရပ္စြန႔္ခြာတိမ္းေရွာင္ရသူမ်ား ပိုမ်ားလာ၍ အိုင္စီအာရ္စီက စိုးရိမ္ပူပန္

ျမန္မာႏိုင္ငံအတြင္းႏွင့္ျမန္မာႏိုင္ငံမွ ေနရပ္စြန႔္ခြာတိမ္းေရွာင္ရသူမ်ား ပိုမ်ားလာ၍ အိုင္စီအာရ္စီက စိုးရိမ္ပူပန္​​ေန​ေၾကာင္း ရန္ကုန္ ႏွင့္ ဘန္ေကာက္ တို႔တြင္ အေျခစိုက္သည့္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႕ (အိုင္စီအာရ္စီ) က သတင္းတစ္ရပ္ ဇန္နဝါရီ ၇ရက္တြင္ထုတ္ျပန္သည္။

ကရင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့ေသာလက္နက္ကိုင္ပဋိပကၡေၾကာင့္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရၿပီး ယခုအခ်ိန္တြင္ ျမန္မာႏိုင္ငံ၊ ျမဝတီခ႐ိုင္ ႏွင့္ ထိုင္းႏိုင္ငံ၊ တက္(ခ္)ျပည္နယ္၊ မဲေဆာက္ခ႐ိုင္အၾကားရွိ ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ ယာယီေ႐ႊ႕ေျပာင္းေနထိုင္ေနရသည့္ ေထာင္ေပါင္းမ်ားစြာေသာ မိသားစုမ်ားရွိေနသည့္အေပၚ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (အိုင္စီအာရ္စီ) က စိုးရိမ္ပူပန္ျခင္းျဖစ္သည္။

အိုင္စီအာစီအဆိုအရ လြန္ခဲ့သည့္ ရက္သတၱပတ္ သုံးပတ္ကာလအတြင္း ေလးေကေကာ္ေဒသအတြင္း ျပင္းထန္သည့္တိုက္ပြဲမ်ားေၾကာင့္ လူေပါင္း ၁၀,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရၿပီး လူေပါင္း ၈,ဝဝဝ နီးပါးခန႔္သည္ ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံဘက္သို႔ တိမ္းေရွာင္ခဲ့ရၿပီး ထိုကာလအပိုင္းအျခားအတြင္းမွာပင္ ထိုင္းႏိုင္ငံသို႔ တိမ္းေရွာင္ခဲ့သူမ်ားထဲမွ လူဦးေရမည္မွ်ဟု အတည္ျပဳႏိုင္ေသးျခင္းမရွိသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားမွာ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္ခဲ့ၾကၿပီး အခ်ိဳ႕မွာ ထိုင္းႏိုင္ငံရွိ ေဒသတြင္းတာဝန္ရွိသူမ်ားက ပံ့ပိုးေပးထားသည့္ ယာယီခိုလႈံရာေနရာမ်ားတြင္ ေနထိုင္ေနၾကရသည္ဟုသိရသည္။

ထိုင္းႏိုင္ငံရွိ အိုင္စီအာရ္စီကိုယ္စားလွယ္႐ုံးမွ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိသည့္အဖြဲ႕မ်ားသည္ ေနရပ္စြန႔္ခြာတိမ္းေရွာင္လာသည့္မိသားစုမ်ားအတြက္ ယင္းႏိုင္ငံရွိတာဝန္ရွိသူမ်ားမွတဆင့္ သန႔္ရွင္းေရးဆိုင္ရာ ပစၥည္းမ်ား လႉဒါန္းျခင္းအပါအဝင္ ေဒသတြင္း မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္အတူ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လိုအပ္ခ်က္မ်ားကို တုံ႔ျပန္ကူညီသြားႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ နယ္စပ္ေဒသတစ္ေလွ်ာက္ရွိ ေဆး႐ုံမ်ား၊ ေဆးခန္းမ်ား၊ က်န္းမာေရးဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ က်န္းမာေရးဆိုင္ရာေဖာင္ေဒးရွင္းမ်ားအပါအဝင္ လက္ရွိမိတ္ဖက္မ်ားႏွင့္ လုပ္ငန္းေဆာင္႐ြက္ေနသည့္ မူေဘာင္အတြင္းမွေန၍ ခ်င္းမိုင္ရွိ အိုင္စီအာရ္စီ႐ုံးခြဲသည္ ဒီဇင္ဘာလ ၁၅ရက္မွ စ၍ ကရင္ျပည္နယ္မွ စစ္လက္နက္ေၾကာင့္ထိခိုက္ဒဏ္ရာရရွိသည့္ လူနာ ၃၁ ဦးအား အေထာက္အပံ့မ်ား ကူညီပံ့ပိုးေပးခဲ့ေၾကာင္း ဆိုသည္။

အိုင္စီအာရ္စီသည္ အမ်ားဆုံးထိခိုက္ခံစားရသူမ်ားရွိရာ ေနရာေဒသမ်ားသို႔ လူသားခ်င္းစာနာ ေထာက္ထားမႈ သက္သက္သာျဖစ္သည့္ လုပ္ငန္းမ်ားကို သြားေရာက္ေဆာင္႐ြက္ခြင့္ရရွိရန္ ယခုလက္ရွိတြင္ ႏွစ္ႏိုင္ငံမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးလ်က္ရွိေၾကာင္းလည္း ဆိုသည္။

အရပ္သားျပည္သူ ထိခိုက္ေသဆုံးမႈမ်ားႏွင့္ အရပ္ဘက္အေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈမ်ားမွ ေရွာင္ၾကဥ္ႏိုင္ရန္ ျဖစ္ႏိုင္သည့္ ႀကိဳတင္ကာကြယ္မႈမ်ား အားလုံးကို ေဆာင္႐ြက္ၾကရမည့္ မိမိတို႔၏တာဝန္ဝတၱရားမ်ားကို ေလးစားလိုက္နာၾကရန္၊ ထိခိုက္ဒဏ္ရာရရွိထားသူမ်ား ႏွင့္ ဖ်ားနာေနသူမ်ားအား လုံေလာက္သည့္ ေဆးကုသမႈ ရရွိၾကေစရန္ႏွင့္ ခြဲျခားမႈမရွိသည့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အဆင္ေျပေခ်ာေမြ႕ေအာင္ ေဆာင္႐ြက္ေပးရန္တို႔ကို အိုင္စီအာရ္စီသည္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ ပဋိပကၡတြင္ပါဝင္သည့္ အဖြဲ႕အစည္းမ်ားအားလုံးအား ထပ္ေလာင္းအသိေပးခဲ့သည္။

အိုင္စီအာရ္စီသည္ ပဋိပကၡေၾကာင့္ ထိခိုက္ခံစားရသည့္သူမ်ားအား အေရးေပၚစားနပ္ရိကၡာမ်ားအျပင္ ယာယီေနထိုင္စရာမ်ားမွစ၍ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈဆိုင္ရာ ပံ့ပိုးမႈမ်ားအထိ အေရးႀကီးသည့္ ပစၥည္းမ်ားအပါအဝင္ အလွ်င္အျမန္ လိုအပ္လ်က္ရွိသည့္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားကို ကူညီပံ့ပိုးသြားရန္ အသင့္ရွိေနေၾကာင္းလည္း ထုတ္ျပန္ခ်က္ျဖင့္ေျပာသည္။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071