နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေသန့်ဆေးပြား(၁၂၆၀)ပြား၊ ရေတွင်ရေကန်(၂၂၅) ခုအား ကလိုရင်းဆေးခတ်ခြင်းနှင့် အိမ်ထောင်စုများအား ရေမလို လက်သန့်ဆေးရည်(၁၀၆)ဗူးတို့ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။
ထို့နည်းတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စခန်းသွင်းကျောင်းသား၊ ကျောင်းသူများအား ဆေးစိမ်ခြင်ထောင် (၁၆၄)ခုကို ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်များကို နေပြည်တော် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ အရေးပေါ်တုံံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။