နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် အဆောက်အဦးများ တည်ဆောက်ခဲ့သော ကုမ္ပဏီအားလုံး နေပြည်တော်စည်ပင်သို့ ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယင်းကုမ္ပဏီများ အနေဖြင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူးနှင့် ဒုတိယဌာနမှူးထံသို့ ဆက်သွယ်ကြရန် အသိပေးစာတွင် ထည့်သွင်းဖော် ပြထားသည်ကိုလည်း တွေ့ရသည်။
အဆိုပါ အသိပေးစာကို အဆောက်အဦးများ ပြန်လည်ပြု ပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်လာခြင်းဖြစ်သည်။
