Thursday, February 12, 2026

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ မဲပေးပြီ

၂၀၂၄ ခုနှစ်တွင် ဂျန်ဇီး တို့ဦးဆောင်သော အုံကြွမှုဖြင့် သက်တော်ရှည်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးမှဖြုတ်ချခဲ့ပြီးနောက် ဒီမိုကရေစီသို့ ပြန်သွားခြင်းဟု လူအများကဆိုကြသော ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီလ...

မိခင်ဖြစ်သူ၏ ရို-က်နှက်ခံရသည့် အသက် (၇)နှစ်အရွယ်...

ယမန်နေ့ ဖေဖော်ဝါရီလ (၁၁) ရက်က ရန်ကုန်၊ အောက်ပုဇွန်တောင်လမ်းမကြီးပေါ်တွင် မိခင်ဖြစ်သူ၏ ရို-က်နှက်ခြင်းခံရသည့် အသက် (၇)နှစ်အရွယ် မိန်းက-လေးငယ်ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...
HomeNewsLocal Newsနေပြည်တော်၌ ဖွဲနုဆီစက်၊ ဆိုလာနှင့်...

နေပြည်တော်၌ ဖွဲနုဆီစက်၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့်စက်ရုံ၊ EV ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံတို့တည်ဆောက်

နေပြည်တော်၌ ဖွဲနုဆီစက်၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့်စက်ရုံ၊ EV ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံတို့ကိုတည်ဆောက်လျက်ရှိသည်။

ပျဥ်းမနားမြို့နယ်တွင် Mapco မှ ဖွဲနုဆီစက်၊ ဒက္ခိဏသီ ရိမြို့နယ်တွင် New Stellar Energy MM Co., Ltd. မှ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့် စက်ရုံနှင့် Myanmar New Power Auto Co., Ltd. မှ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်၊ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံတို့ကို တည်ဆောက်လျက်ရှိသည်။

ထိုသို့ တည်ဆောက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ အောက် တိုဘာ ၇ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေး၍ မြန်မာ နိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ -၂၀၂၅ နှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ စက်ရုံစီမံကိန်းလုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်၍ သတ်မှတ်ချိန်အတွင်း စတင်လည်ပတ်နိုင်ရန် မှာကြားသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ စက်တပ်ဆင်ရေးလုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ စနစ်တကျရှိရေး၊ လိုအပ်ချက်များကိုကူညီ ဖြည့်ဆည်းပေးနိုင်ရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကာ အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ မဲပေးပြီ

၂၀၂၄ ခုနှစ်တွင် ဂျန်ဇီး တို့ဦးဆောင်သော အုံကြွမှုဖြင့် သက်တော်ရှည်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးမှဖြုတ်ချခဲ့ပြီးနောက် ဒီမိုကရေစီသို့ ပြန်သွားခြင်းဟု လူအများကဆိုကြသော ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူများသည် မဲရုံများ၏အပြင်ဘက်တွင် တန်းစီကာ စတင်မဲပေးနေကြပြီဖြစ်သည်။ ဟာစီနာဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် လပေါင်းများစွာမငြိမ်သက်မှုများကိုဖြစ်စေခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးတင်ပို့သူဖြစ်သော အထည်ချုပ်ကဏ္ဍအပါအဝင် အဓိကစက်မှုလုပ်ငန်းများကို ထိခိုက်စေခဲ့သောကြောင့် လူဦးရေ ၁၇၅ သန်းရှိသော နိုင်ငံတွင် တည်ငြိမ်သောအစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အဆုံးအဖြတ်ပြတ်သားသော ရလဒ်သည် အရေးကြီးကြောင်း လေ့လာသူများက ပြောကြားလျှက်ရှိကြသည်။ အသက် ၃၀ နှစ်အောက် သို့မဟုတ်...

မိခင်ဖြစ်သူ၏ ရို-က်နှက်ခံရသည့် အသက် (၇)နှစ်အရွယ် က-လေးငယ်ကို ခိုင်နှင်းဝေခေါ်ယူစောင့်ရှောက်

ယမန်နေ့ ဖေဖော်ဝါရီလ (၁၁) ရက်က ရန်ကုန်၊ အောက်ပုဇွန်တောင်လမ်းမကြီးပေါ်တွင် မိခင်ဖြစ်သူ၏ ရို-က်နှက်ခြင်းခံရသည့် အသက် (၇)နှစ်အရွယ် မိန်းက-လေးငယ်ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ "သမီးလေးအတွက် ကျန်းမာရေး၊ ပညာရေးများနှင့် လိုအပ်သောအရာများကို ဆက်လက် ကူညီထောက်ပံ့ပေးသွားဖြစ်ပါမယ်ရှင်၊ မိခင်မှာ ထွက်ပြေးတိမ်းရှောင်သွားပါသောကြောင့် လိုအပ်တာများကို တာဝန်ရှိသူများမှ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်" ဟု ခိုင်နှင်းဝေက သူ့မ၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေရေးသားထားသည်။ အဆိုပါ က-လေးငယ်ကို မိခင်ဖြစ်သူက ကိုင်ပေါက်သည့်အပြင် လမ်းမပေါ် တရွတ်တိုက် ဆွဲခေါ်သွားခြင်းများပြုလုပ်သည့် ရုပ်သံဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံလာပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071