နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ယနေ့ ဇွန် ၁၅ ရက်နံနက်ပိုင်းကကျင်းပသည့် ၂ဝ၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်မျိုး(၁၆)မျိုး၏ ပျိုးပင်ပေါင်း(၃၀၀၀)ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအား ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ တောတောင်ရေမြေကို ထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်း မွန်စေရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ် ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာကြရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံနှင့်အဝန်း နှစ်စဉ်ကျင်းပကြခြင်းဖြစ် သည်ဟု ပြောသည်။
ထို့ပြင် သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်တွင်ရှိသည့် သက်ရှိများရှင်သန်ရပ်တည်ရေးအ တွက် အလွန်အရေးပါကာ ရာသီဥတုမျှတရေး၊ သ ဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးစသည့် ဂေဟစနစ် ဝန် ဆောင်မှုများနှင့် ညီညွတ်မျှတရေးကိုစဉ်ဆက်မ ပြတ်ပံ့ပိုးပေးလျက်ရှိသည်ဟု ပြောသည်။
” မြန်မာနိုင်ငံဟာ အာဆီယံနဲ့ဒေသတွင်းနိုင်ငံတွေအနက် သစ်တောဖုံးလွှမ်းမှုကောင်းပြီး သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ (၄၂ ဒသမ ၉၂)ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ (၄၂ ဒသမ ၁၉)ရာခိုင်နှုန်းနဲ့ ၂၀၂၅ ခုနှစ် ပဏာမအစီရင်ခံစာအရ (၄၂ ဒသမ ၁၅)ရာခိုင်နှုန်းရှိတာကြောင့် သစ်တောပြုန်းတီးမှု အနည်းငယ်ရှိနေပေမယ့် မိမိတို့တာဝန်ယူပြီးနောက် ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောတွေပြုပြင်ထိန်း သိမ်းမှုတွေကို အလေးထားကြပ်မတ်ဆောင်ရွက်ခဲ့တာကြောင့် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်းကျဆင်းခဲ့တာကို တွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ ကံ့ကော်ပင်အား သတ် မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး နစက ဒု-ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများကလည်း ပျိုးပင်များကို သတ်မှတ်နေရာများ၌ အသီးသီးစိုက်ပျိုးခဲ့ကြကာ ၎င်းတို့စိုက်ပျိုးနေမှုများအား နစက ဥက္ကဋ္ဌက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။