အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ နေပြည်တော်၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့များကိုဖွဲ့စည်းခဲ့ကြောင်း အမိန့်အမှတ် ၁၂/၂၀၂၅ ဖြင့် ယနေ့ ဇူလိုင် ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။
ယခင် နစက လက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရဖွဲ့စည်းထားသည့် နေပြည်တော်နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့(သို့)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များအား ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဆက်လက်ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ မကွေးတိုင်းအစိုးရအဖွဲ့၊ မန္တလေးတိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ် ၁၆ /၂၀၂၅ ဖြင့် ယနေ့ ဇူလိုင် ၃၁ ရက်က နစက မှဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်တာဝန်ပေးထားသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ခ ရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီများအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်တွင် ခရိုင်ဦးစီးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာ နနှင့် ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်တွင် မြို့နယ်ဦးစီးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေအရာရှိတို့ကိုဖြည့်စွက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
