Thursday, June 19, 2025

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့်...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက်...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့်...

ထိုင်းနှင့် နယ်မြေအငြင်းပွားမှုတွင် အစိုးရကို ထောက်ခံကြောင်း...

     ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော...
HomeNewsLocal Newsနေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ...

နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ဧည့် စာရင်းစီမံခန့်ခွဲမှုစနစ် အသုံးပြုမှု နည်းပါးဟု ဟိုတယ်နှင့် ခရီးဝန်ကြီး ပြော

နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ဧည့် စာရင်းစီမံခန့်ခွဲမှုစနစ် အသုံးပြုမှု နည်းပါးဟု ဟိုတယ်နှင့် ခရီးဝန်ကြီး ပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ အနေဖြင့် လာရောက်တည်းခိုသည့် ဧည့်သည်စာရင်းအား သက်ဆိုင်ရာသို့ အသိပေးရန်ကိစ္စတွင် ဝန်ကြီးဌာန၏ အစီအစဉ်အတိုင်း လိုက်နာဆောင် ရွက်မှု အားနည်းကြောင်း ဟိုတယ်နှင့် ခရီးဝန်ကြီး ပြော သည်။

နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကိုတွေ့ဆုံစဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခရီးသွားဧည့်သည်များ လာရောက်တည်းခိုနေထိုင်မှုစာရင်းဇယားများအား ပြောင်းလဲတိုးတက် လာသော နည်းစနစ်များနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် ဧည့် စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အားဆောင်ရွက်လျက်ရှိရာ ဟိုတယ် (၈၆)လုံးမှ မှတ်ပုံတင်ပြီးဖြစ်သော်လည်း အမှန်တကယ်အသုံးပြုမှု နည်းပါးသေးသည်ကို တွေ့ရှိရပါတယ်” ဟု ဝန်ကြီး ဦးဌေးအောင်က ပြောသည်။

တည်းခိုနေထိုင်သော ခရီးသွားဧည့်သည်များ လုံခြုံစိတ် ချစွာ တည်းခိုနေထိုင်နိုင်ရေးအတွက် လုံခြုံရေးစစ်ဆေးသည့် ကိရိယာများကို စနစ်တကျပြန်လည် တပ်ဆင်အ သုံးပြုကြရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန်လည်း ဝန်ကြီးက သတိ ပေး မှာကြားခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ လိုင်စင်ရယူထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ(၉၈)လုံးရှိပြီး လက်ရှိအချိန်တွင် ဟိုတယ် နှင့် တည်းခိုရိပ်သာ (၇၅)လုံး ဖွင့်လှစ်ထားကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ခရီး သည်များ တည်းခိုနေထိုင်မှု အဆင်ပြေစေ ရေး၊ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးနှင့် ကောင်းမွန်သောဝန်ဆောင် မှုများပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလုပ် ဆောင် ပေးနေကြောင်းလည်း ဝန်ကြီးက ပြောသည်။

ထို့အပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာများ အနေဖြင့် မသန်စွမ်း ခရီးသွားဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဖြည့်ဆည်းဝန်ဆောင်မှုပေးကြရန်လည်း တိုက်တွန်း မှာကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။        အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။       မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက် က တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။       မကြာခင်က အစ္စရေး၏ တို-က်ခို-က်မှုများကို တုန့်ပြန်သည့် အနေဖြင့် တေရန်သည် ရေလက်ကြားကို ပိ-တ်ပစ်ရန် စဉ်းစားနေသည်ဟု အီရန် ပါလီမန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အဖွဲ့ဝင် အီစမိုင်ကိုဆာရီက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။         “ရန်သူကို အပြစ်ပေးရာမှာ ကျွန်ုပ်တို့ရဲ့ လက်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး စစ်ရေးတုန့်ပြန်မှုက...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။ ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်‌‌ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071