Friday, January 30, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsနေပြည်တော်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး...

နေပြည်တော်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအမံ (၅) ရပ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားသည့် Quick Win အစီအမံ (၅) ရပ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကားလမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များ၊ ရထားလမ်းဖြတ်ကူးဂိတ်များ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ စနစ်တကျရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ ဖေဖော်ဝါရီ (၂၇)ရက်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ မော်တော်ဆိုင်ကယ် (သီးခြား) ယာဉ်ကြောအတွက် လမ်းပေါ်ဆေးရေးအမှတ်အသားများရေးဆွဲခြင်းနှင့် ပတ်သက်ပြီး စံနမူနာပြ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် လမ်းအသုံးပြုသူများကို အသိပညာပေးရေး၊ ထိန်းသိမ်းကြပ်မတ်ရေး၊ စစ်ဆေးအရေးယူရေးတိုကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု အရေအတွက်၊ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံး၊ ဒဏ်ရာရမှုအရေအတွက်များ လျော့နည်းကျဆင်းရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုများ စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့်စုံစုံ တပ်ဆင်ခြင်းများကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုအပြင် ယာဉ်များ မောင်းနှင်အသုံးပြုမည့်လမ်းများ၏ ဒီဇိုင်းမှန်ကန်ရေး၊ စံချိန်စံညွှန်းကိုက်ညီအောင် တည်ဆောက်ရေး၊ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များကို မပျက်မကွက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကိုလည်း သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြစေရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လမ်းညွှန်း လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူထားမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံအစည်းအဝေးကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် အစည်းအဝေး၌ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump အား ယနေ့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်တိုက် တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက်ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071