ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၈)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေ ပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိ သားစုများ၏ အားကစားပြိုင်ပွဲများကို ယနေ့တွင် နေ ပြည်တော်စည်ပင်အိမ်ရာဝင်းအတွင်း၌ ကျင်းပခဲ့သည်။
အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်အပြေးပြိုင်ပွဲနှင့် သံပုံးရိုက်ပြိုင်ပွဲတို့အပါအဝင် အားကစားနည်း(၁၁)မျိုးကျင်းပကာ ဆုရရှိသူများအား နေပြည်တော် ဒု-မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး ပြိုင်ပွဲဝင်များနှင့် ဝန်ထမ်းမိသားစုများကို စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။
