Friday, August 7, 2026

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊...

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂...

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက်...

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂...

ချင်းရွှေဟော်၊ ဩဂုတ်-၇​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ...
HomeInternationalနေတန်ယာဟုကို ဝရမ်းထုတ်သည့်အတွက် ထရမ့်ပ်နှင့်...

နေတန်ယာဟုကို ဝရမ်းထုတ်သည့်အတွက် ထရမ့်ပ်နှင့် ကွန်ဂရက်က အိုင်စီစီကို အရေးယူဒဏ်ခတ်လိမ့်မည်

နိုင်ငံတကာ ရာဇဝတ်တရားရုံး(အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် တရားရုံးကို အမေရိက သည် ပိတ်ဆို့ဒဏ်ခတ်မည်ဟု ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်တွင် ဟားမတ်စ်ချေမှုန်းရေးစစ်ဆင်ရေး၌ ၎င်းတို့ပါဝင်ပတ်သက်ခဲ့သော စစ်ဆင်‌ရေး များအတွက် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant ကို ပြီးခဲ့သည့် သီတင်းပတ်တွင် အိုင်စီစီက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဟားမတ်စ်တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၌ အမေရိကန် ၄၀ ကျော်အပါအဝင် လူပေါင်း ၁,၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့သည်။

ရွေးကောက်ခံသမ္မတ ထရမ့်ပ်အစိုးရအဖွဲ့သည် တရားရုံး၏ အမှုလိုက်အရာရှိချုပ် ကာရင်မ်ခန်းအပါအဝင် ဝရမ်းထုတ်ခဲ့သည် အိုင်စီစီ တရားသူကြီးများကို အရေးယူပိတ်ဆို့ရေး ကို စတင်စီစဉ်နေသည်ဟု အစ္စရေးသတင်းဌာနတစ်ခုဖြစ်သော Kan က ဖော်ပြသည်။

ဆန်ဒီယေဂို နှင့် ဘာလန် တက္ကသိုလ်မှ ဥပဒေပါမောက္ခ အေဗီဘဲလ်က အာဖဂန်နစ္စတန်တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက်ဆိုကာ လွန်ခဲ့သောနှစ်များက အိုင်စီစီသည် အမေရိကန်စစ်သားများကို တရားစွဲဆိုရန် ခြိမ်းခြောက်ခဲ့သည်ဟု ပြောသည်။ အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်မရှိကြောင်း စက္ကန့်မဆိုင်းပင် တုန့်ပြန်ခဲ့သည်။ ပထမရာထူးသက်တမ်းအတွင်းက သမ္မတ ထရမ့်ပ်၏ အိုင်စီစီအပေါ် အရေးယူပိတ်ဆို့များကြောင့်သာလျှင် အိုင်စီစီသည် ဥပဒေကို လိုက်နာခဲ့ရကာ အမေရိကန်စစ်သားများကို တရားစွဲဆိုမည့် ခြိမ်းခြောက်မှုကို လက်လျှော့သွားခဲ့သည်။ အိုင်စီစီကို အရေးယူပိတ်ဆို့မှုများသည် အောင်မြင်ခဲ့ပြီး စည်းရုံးသိမ်းသွင်းခြင်းက အလုပ်မဖြစ်ခဲ့ပေ။

နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် ထရမ့်ပ်က အမည်စာရင်းတင်သွင်းထားသူ မိုက်ဝေါ့ဇ် က အိုင်စီစီနှင့် ကုလသမဂ္ဂတို့အနေဖြင့် ဂျူးဆန့်ကျင်ရေး ဘက်လိုက်သည့် အပြုအမူများအတွက် လာမည့်ဇန်နဝါရီတွင် ပြင်းထန်သော တုန့်ပြန်မှုများ မျှော်လင့်ထားရမည်ဖြစ်သည်ဟု X ပေါ်တွင် ကြေညာခဲ့သည်။

ထရမ့်ပ်၏ အဓိကမိတ်ဖက်တစ်ဦးဖြစ်သော အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် R.S.C က မကြာခင်က ဖေါက်နူးစ် နှင့် အင်တာဗျူးတွင် ကနေဒါ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် အပါအဝင် မည်သည့်မဟာမိတ်မဆိုသည် အိုင်စီစီကို ကူညီရန် ကြိုးစားခဲ့ပါက ၎င်းတို့ကို ဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

နေတန်ယာဟုနှင့် ဂဲလန့် တို့အတွက် ဖမ်းဝရမ်းသည် ရယ်စရာပျက်လုံးတစ်ခုဖြစ်သော်လည်း ၎င်းတို့သည် အလွန်အရေးပါသော ဖြစ်ထွန်းမှုတစ်ခုအဖြစ် ပုံဖော်ထားသည်ဟု ဘဲလ် က ပြောဆိုသည်။ ခန်းအရင် အမှုလိုက် အရာရှိချုပ်များသည် အိုင်စီစီကို ထိရောက်မှုမရှိရုံမျှသာဖြစ်စေခဲ့ကြောင်း၊ ခန်း၏ လက်ထက်တွင်မူ တရားရုံးသည် ၎င်း၏ အရင်းအမြစ်များစွာကို နိုင်ငံရေးကိန်းကြီးခမ်းကြီးလုပ်ရပ်များအတွက် မြုပ်နှံကာ နိုင်ငံရေးကမောက်ကမခေတ်ကို ရောက်ရှိစေခဲ့သည်ဟု သူက ဆိုခဲ့သည်။ စွဲချက်အသစ်များနှင့်အတူ တရားရုံးသည် အကြမ်းဖက်သမားများ၊ ကမ္ဘာ့အဆိုးဝါးဆုံး ရာဇဝတ်ကောင်များကိုယ်စား ရပ်တည်လျက်ရှိသည်ဟု သူက ဆက်လက် ဝေဖန်ခဲ့သည်။

ဘဲလ် ၏ ဝေဖန်မှုများနှင့် ပတ်သက်၍ အိုင်စီစီ၏ ပြောရေးဆိုခွင့်ရှိသူ ဖာဒီ အယ်အဗ္ဗဒူလာကို မှတ်ချက်ပေး တောင်းဆိုခဲ့သော်လည်း ယင်းသို့သော ကြေညာချက်များအတွက် မှတ်ချက်ပေးမည်မဟုတ်ဟု ၎င်းက ဖေါက်စ်နူးစ် ဒစ်ဂျစ်တယ် ကို ပြောဆိုခဲ့သည်။

နိုင်ငံများအနေဖြင့် အိုင်စီစီနှင့် ခပ်ကင်းကင်း နေကြရန် ဥပဒေပညာရှင်က ဆက်လက်တိုက်တွန်းသွားခဲ့ပြီး အိုင်စီစီသည် တန်ဖိုးကြီးကြီးပြန်ပေးရစေသည့် လုပ်ရပ်များအရသာ ၎င်း၏ လမ်းကြောင်းကို ရပ်တန့်နိုင်စေမည်ဖြစ်ပြီး နိုင်ငံများအနေဖြင့် ရုမ်းစတက်ကျုၕ မှ နုတ်ထွက်၍ အခွန်ပေးဆောင်မှုများကို ရပ်ဆိုင်သင့်ကြောင်း ဆိုခဲ့သည်။ ထို့အပြင် အိုင်စီစီသည် စွဲချက်တင်ထားသော တရားစီရင်ပိုင်ခွင့်မရှိသူများကို ဖမ်းဝရမ်းထုတ်နေသရွေ့ အိုင်စီစီဝန်ထမ်းများသည်လည်း အဓမ္မဖမ်းဆီးရန် ကြိုးပမ်းခြင်း၊ အကြမ်းဖက်ဝါဒကို ပံ့ပိုးခြင်းများအတွက် ရာဇဝတ်မှုဆိုင်ရာ အရေးယူဒဏ်ခတ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

Ref: ဖေါက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၌ ထူးကဲဒီရေ တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေး

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။ ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂ ဦး ‌ေ-သဆုံးပြီး ၂၀ ကျော် ဒ-ဏ်ရာရ

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ​ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ‌ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071