နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ဘက်ဘနွန်အမျိုးသမီးအသင်းကို ပွဲဦးထွက်တွင် (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရကာ အဖွင့်လှခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၁၇) ရက် ညနေပိုင်းအချိန်က နီပေါနိုင်ငံ Dasharath ကွင်းတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဘက်ဘနွန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းလည်းဖြစ်သည်။
ပထမပိုင်းပွဲချိန်တွင် ပြိုင်ဘက်အသင်းနှစ်သင်းအနေဖြင့် ဂိုးရရှိခြင်းမရှိဘဲ ဒုတိယပိုင်းပွဲချိန်အတွင်းမှပင် မြန်မာအမျိုးသမီးအသင်းက နောက်ကျဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါ ရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသ ည် ဖေဖော်ဝါရီ (၂၆ ) ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ (၁၄)ရက် နှင့် (၁၅) ရက် နံနက်ပိုင်းအချိန်၌ ရန်ကုန်အပြ ည်ပြည်ဆိုင်ရာလေဆိပ်မှ ပြိုင်ပွဲကျင်းပမည့် နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့သို့ နှစ်သုတ်ခွဲ၍ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။