Friday, May 16, 2025

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...

SSPP နှင့် RCSS တို့အကြား...

ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS တို့အကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် (၁၀) ရက်ကြာ ပစ်ခတ်တို-က်ခို-က်မှု ရပ်စဲရန် ဗိုလ်ချုပ်ကြီး ယွတ်စစ်ဦးဆောင်သည့် RCSS/SSAက...
HomeNewsFootballနီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။

ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ (၂၆ ) ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

” ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲ ဖိတ်ခေါ် ပေးတဲ့ အိမ်ရှင်နီပေါ၊ ဝင်ရောက်ယှဉ်ပြိုင်ပေးတဲ့ လက်ဘနွန်နဲ့ ကာဂျစ္စတန်အသင်းတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတ ယ်။ပြိုင်ဘက်အသင်းတွေနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ အသင်းတိုင်းက အကောင်းဆုံးပြင်ဆင် လာတာဖြ စ်လို့ ကျွန်တော်တို့ အသင်းအနေနဲ့လည်း တစ်ပွဲချင်းစီ သေ ချာအာရုံစိုက် ပြင်ဆင်ကာ အသင်းတိုင်းကို လေးလေးစား စားနဲ့ယှဉ်ပြိုင် ကစားသွားပါမယ်”ဟု ယနေ့ ပွဲကြို သတင်း စာရှင်းလင်းပွဲတွင် နည်းပြချုပ် ယုကီတက်ဆုရိုက ပြောကြားသည်။

ထို့ပြင် အသင်းတိုက်စစ်မှူး ဝင်သိင်္ဂီထွန်းက “နီပေါမှာ နော က်ထပ်တစ်ကြိမ် လာကစားခွင့်ရလို့ ကျေနပ်မိပါတယ်။ကျွန် တော်တို့အသင်းက ၂၀၂၄ မှာပြည်တွင်းမှာ ကစားခဲ့တဲ့ ခြေ စမ်းပွဲတွေပဲရှိခဲ့ပြီး ပြည်ပထွက် ကစားတဲ့ နိုင်ငံတကာပွဲတွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲဟာ အသင်းအတွက် အထောက် အကူဖြစ်စေမှာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းတိုင်းကို အ ကောင်းဆုံး ကြိုးစားကစားသွားမှာပါ”ဟု ဆိုသည်။

လက်ရှိ ဖွဲ့စည်းထားသည့် မြန်မာလက် ရွေးစင်အသင်းတွင် ပြည်ပနိုင်ငံသို့ သွား ရောက်ကစားနေသည့် တိုက်စစ်မှူးများဖြင့် ဖွဲ့ စည်းထားသည်ကို တွေ့ရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ (၁၄)ရက် နှင့် (၁၅) ရက် နံနက်ပိုင်းအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြိုင်ပွဲကျင်းပမည့် နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့သို့ နှစ်သုတ်ခွဲ၍ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား ၁၄ ဦး ရဲထံ အဖမ်းခံ

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄ ဦးသည် သောကြာနေ့(မေလ ၁၆ရက်နေ့) က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးတာဝါသည် အိမ်နီးချင်း မြန်မာ၏ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ပြိုကျအဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များသည်...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈ ရက်တွင် လယ်ယာမြေ(၄၅၂)ဧကကို စိုက်ပျိုးရေပြန်လည်ပေးဝေခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်‌ေ-သရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်ခဲ့၍ စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်လည်ပြင်ဆင်မှုများအား နေ့/ညမပျက်ဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၁၇ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး(၂၂၇၉)ဧကကို ရာနှုန်းပြည့်...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား လျာထားသတ်မှတ်ပြီးဖြစ်ကာ အချိန်မီကြိုတင်ထုတ်ပြန်ပေးသွားမည်ဟု အသိပေးခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲကျင်းပမည့်ရက်အား သတ်မှတ်ကြေညာပြီးနောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုစိစစ်ပြီးချိန်၌ မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာပေးသွားမည်ဟု အသိပေးခဲ့သည်။ ထို့ပြင် လက်ရှိအချိန်၌ တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ(၉)ခုအနက် ပါတီ(၃)ခုမှာ သတ်မှတ်ရုံးခန်း အရေအတွက်ဖွင့်လှစ်ထားနိုင်ပြီး ပါတီ(၆)ခုမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါသတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း(၉၀)ကြိုတင်၍ ကော်မရှင်၏အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့် နေ့ရက်အတွင်း သတ်မှတ်ရုံးခန်းပြည့်မီနိုင်ရေးကိုဆောင်ရွက်ရမည်ဟု အသိပေးခဲ့သည်။ ထို့အတူ တိုင်း(သို့)ပြည်နယ်တစ်ခုအတွင်း၌သာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071