Wednesday, December 17, 2025

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...
HomeNewsLocal Newsနိုဝင်ဘာလအတွက် ဆန်ဈေးနှုန်း သတ်မှတ်ထုတ်ပြန်

နိုဝင်ဘာလအတွက် ဆန်ဈေးနှုန်း သတ်မှတ်ထုတ်ပြန်

လာမည့် နိုဝင်ဘာလအတွက် သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ရာတွင် ပြည်တွင်းစားဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ ပြည်ပတင်ပို့မှု ဆန်အမျိုးအစားတချို့ ဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းအရ သိရသည်။

ရည်ညွှန်းဆန်းဈေးနှုန်းအရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၃,၀၀၀၊၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၁,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၆,၀၀၀ ၊ ပြည်ပတင်ပို့မည့်၁၅ မှတ်ဆန် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၃,၀၀၀ ၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၈,၀၀၀ ၊ ပြည်ပတင်ပို့မည့်၁၀-၅ မှတ်ဆန် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၅,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း ရောင်းချရာတွင် သင့်တင့်မျှတသော ရည်ညွှန်းဈေးများအပေါ် ၈% ထက်ပို၍ ရောင်းချခြင်း မပြုရန် အသိပေးထားသည်။

Super Market၊ Mini Market များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် သီးခြားထုတ်ပြန်ထားသော ရည်ညွှန်းဈေးကို အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့် အညီ ရောင်းချရန် နှင့် ဈေးနှုန်းပိုI မြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်း တို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေ နှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များ နှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့စဉ် အခွန်အယူခံခုံအဖွဲဥက္ကဋ္ဌ ဦးမြင့်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အခွန်အယူခံခုံအဖွဲ့ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင်သည့် အချက်များသည် အခွန်အယူခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သောအချက်များဖြစ်ပြီး နိုင်ငံတော်၏အခွန်ဆိုင်ရာမူဝါဒကို အထောက်အကူပြုနိုင်ရန်အလိုငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071