ပြည်တွင်း၌ လည်ပတ်လုပ်ကိုင်နေသည့် စက်မှုဇုန် (၂၈)ခု ၊ စက်မှုရပ်ကွက် (၅)ခုနှင့် တည်ထောင်ဆဲ စက်မှုဇုန် စီမံကိန်း (၂)ခုရှိကြောင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးကို အောက်တိုဘာ (၃) ရက်က နေပြည်တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စက်မှုဇုန်များအနက်မှ အားနည်းသော စက်မှုဇုန်များကို အဆင့်မြင့်တင်ရန် စက်မှုလုပ်ငန်း နှင့် စက်မှုဇုန် ဖွံ့ ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားထားသည်။
ထို့ပြင် စက်မှုဇုန်များ တည်ထောင်ရာ၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်သန့်စင်ရေးတို့ကို အလေးပေးဆောင်ရွက်သွားရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေး၌ မှာကြားသည်။
စက်မှုဇုန်များကြောင့်လည်း ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်လာစေရန် ဆောင်ရွက်စီစဉ်နေကြောင်းလည်း သိရသည်။
