Wednesday, July 22, 2026

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ်...

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့်...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ...

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...
HomeNewsLocal Newsနိုင်ငံရေးမတည်ငြိမ်မှုကို အဆုံးသတ်မည်--ဗြိတိန်ဝန်ကြီးချုပ်

နိုင်ငံရေးမတည်ငြိမ်မှုကို အဆုံးသတ်မည်–ဗြိတိန်ဝန်ကြီးချုပ်

       
တနင်္လာနေ့က ဘတ်ကင်ဟမ်နန်းတော်တွင်တတိယမြောက် ချားလ်စ်ဘုရင် နှင့် တွေ့ဆုံစဉ် အန်ဒီ ဘန်ဟမ်၏ ဝန်ကြီးချုပ်ခန့်အပ်မှုကို အတည်ပြုခဲ့သည်။ ဆယ်စုနှစ်တစ်ခုအတွင်း ယူနိုက်တက်ကင်းဒမ်း၏ သတ္တမမြောက် ဝန်ကြီး တက်ချုပ်လာပြီးနောက် နိုင်ငံကို ဒုက္ခပေးနေသော နိုင်ငံရေးမတည်ငြိမ်မှုကို အဆုံးသတ်မည်ဖြစ်ကြောင်းနှင့် အဓိကကျ‌ေသာပြောင်းလဲမှုကို ဖော်ဆောင် ပေးမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်
          
လူကြိုက်များသော အင်အားစုများ၏ ဆက်တိုက်အောင်မြင်မှုများရနေစဉ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ရာထူးမှဖယ်ရှားခံလိုက်ရသော ကီယာ စတားမာ၏ နေရာကို ဘန်ဟမ်က လွှဲယူမည်ဖြစ်သည်။
       
“ဗြိတိန်နိုင်ငံဟာ တည်ငြိမ်မှုကို ပြန်ဖော်ဆောင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ ကမ္ဘာကို ပြသဖို့ လိုပါတယ်” ဟု ဘန်ဟမ်က ၎င်း၏ တရားဝင်အိမ်တော်ဖြစ်သော လန်ဒန်ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်းသို့ ရောက်ရှိလာပြီးနောက် ပြောကြားခဲ့သည်။
       
စတားမာကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက လွန်ခဲ့သည့် တစ်လခန့်တွင် ရာထူးမှ ဖယ်ရှားခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရမှုသည် “ကျွန်ုပ်ဘဝ၏ အထူးအခွင့်အရေး” ဟု ရာထူးမှ ထွက်ခွာပြီးနောက် စတားမာက မှတ်ချက်ပြုခဲ့ပြီး ဘန်ဟမ်ကို သူ အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။
     
“ကျွန်တော်တို့ဟာ ဒီအခိုက်အတန့်ကာလကို ဗြိတိန်အတွက် ဆားကစ်ဘရိတ်ကာအဖြစ် ပြုလုပ်မှာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အကြီးမားဆုံး ပြောင်းလဲမှုများကို ဆောင်ကျဉ်းလာပါမယ်။ နိုင်ငံရေးပုံစံအသစ်နဲ့ စီးပွားရေးပုံစံအသစ်ပါ” ဟု ဘန်ဟမ်က ကြေညာခဲ့သည်။
      
ဗြိတိန်နိုင်ငံသားများအတွက် အသက်ရှုချောင်စေမည်ဟု ကတိပေးသည့်အနေဖြင့် သူသည် နေထိုင်မှုကုန်ကျစရိတ်ကို ကိုင်တွယ်ဖြေရှင်းမည့် အစီအမံများကို ယခုသီတင်းပတ်တွင် ကြေညာမည်ဟု ကတိပြုခဲ့သည်။
        
နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းတွင် ဗြိတိန်၏ ထောက်ခံမှု ခိုင်မာစွာ ရှိနေမည်ဖြစ်ကြောင်း အာမခံရန်အတွက် ယူကရိန်းသမ္မတ ဇလန်းစကီးသည် ပထမဆုံး စကားပြောမည့် နိုင်ငံခြားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာမည်ဟု သူက ပြောကြားခဲ့သည်။
    
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကို ဦးစွာဖုန်းခေါ်ဆိုမှုပြုလုပ်မည်ဟုလည်း ဝန်ကြီးချုပ်သစ်က ပြောကြားခဲ့သည်။ ယင်းနောက် မကြာမီမှာပင် ခေါင်းဆောင်နှစ်ဦး ဖုန်းပြောခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
       
တရုတ်ဝန်ကြီးချုပ် လီကျန်က ဘန်ဟမ်ကို ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်ဟု နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် အစားထိုးလဲလှယ်နိုင်ရန် တန် ၇၀ ကရိန်းယာဉ်နှင့် အခြားယန္တရားများကို အသုံးပြု၍...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071