Sunday, May 18, 2025

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့်...

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...

ဖင်းလန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ...

ဖင်းလန်နိုင်ငံတွင် စနေနေ့က ရဟတ်ယာဉ်နှစ်စင်းသည် ဝေဟင်တွင် တို-က်မိကာ မြေပြင်သို့ ပျ-က်ကျခဲ့သောကြောင့် ယာဉ်များပေါ် လိုက်ပါလာသော လူငါးဦးစလုံး ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “စနေနေ့က...

လီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာအရောင်းမြှင့်တင်ရန်...

ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာတွင် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံဖွား ကေပေါ့ပ်နာမည်ကျော် လာလီဆာ လီဆာမန်နိုဘောလ်ကို ထည့်သွင်းပေးရန် ဒေသတွင်း သစ်သီးစိုက်တောင်သူများက ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကို တောင်းဆိုခဲ့ကြသည်။ စနေနေ့က...
HomeNewsLocal Newsနိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၃) ပါတီရှိပြီဖြစ်ကြောင်း UEC ထုတ်ပြန်

ဖေဖော်ဝါရီ (၁) ရက်မှ (၈) ရက်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၃) ပါတီရှိကြောင်း UEC မှထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD )ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပထမဦးဆုံးလျှောက်ထားသည့်ပါတီဖြစ်ပြီး ဖေဖော်ဝါရီ (၇) ရက်တွင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် ဖေဖော်ဝါရီ (၈) ရက်တွင် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD )တို့မှ လျှောက်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်နေပြီး အလားတူ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီ ၇ ရက်တွင် လာရောက်လျှောက်ထားခဲ့သဖြင့် တည်ထောင်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD ) သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားခဲ့သဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်က အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ ယခင်ရှိပြီးသား နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ပြန်လည်မလျှောက်ထားပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်မည်ဖြစ်ကြောင်း ထည့်သွင်းပြဌာန်းထားခြင်း ဖြစ်သည်။

အဆိုပါ ပြဌာန်းချက်အရ နိုင်ငံရေးပါတီအချို့မှာ မှတ်ပုံတင် ပြန်လည်လျှောက်ထားရန် ပြင်ဆင်နေပြီး ယင်းအထဲတွင် ပါတီမှတ်ပုံတင် ဖျက်သိမ်းခံထားရသည့် ယခင် နှင်းဆီပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားပါတီအချို့နှင့် ပြည်မပါတီအချို့လည်း ပါဝင်နေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

အသစ်ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီကြီးတွေအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားသည့် အထောက်အထားပြသရမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းလုံးမည့် ပါတီဆိုပါက အနည်းဆုံးမဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ပြိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှ ဖွဲစည်းခွင့်ရသည့် နိုင်ငံရေးပါတီများကိုလည်း ယင်းနောက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ထည့်သွင်း ပြဋ္ဌာန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း မေလ (၁၇) ရက် က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ လက်ရှိတွင် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂၈)ခုကို သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း အသိပေးထားသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်အရ အမည်စာရင်းပါရှိသည့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၂၈) ခုအနေဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်များကို မေလ (၃၁)...

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ (၁၉) မှ (၃၀) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် သင်တန်းသား (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ခဲ့သည့် MFF Summer Football Skills Course 2025 (AYA Pay | M21) နွေရာသီ အခြေခံဘောလုံး အခမဲ့သင်တန်း (မန္တလေး)...

ဖင်းလန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ ငါးဦး ‌ေ-သဆုံး

ဖင်းလန်နိုင်ငံတွင် စနေနေ့က ရဟတ်ယာဉ်နှစ်စင်းသည် ဝေဟင်တွင် တို-က်မိကာ မြေပြင်သို့ ပျ-က်ကျခဲ့သောကြောင့် ယာဉ်များပေါ် လိုက်ပါလာသော လူငါးဦးစလုံး ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “စနေနေ့က အူရာ လေဆိပ်အနီးမှာ ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ်မတော်တဆမှုကြောင့် လူ ငါးဦး ‌ေ-သဆုံးခဲ့ပါတယ်” ဟု စုံစမ်းထောက်လှမ်းရေး စစ်ဆေးရေး အရာရှိချုပ် ဂျိုဟန်နက်စ် ဆီးရီလာက ပြောကြားခဲ့သည်။ ရဟတ်တစ်စင်းတွင် လူနှစ်ဦးပါဝင်ပြီး နောက်တစ်စင်းတွင် လူသုံးဦးပါသည်။ အက်စ်တိုးနီးယန်းမြို့တော် တယ်လင်းမှ ပျံတက်ခဲ့သော ယင်းရဟတ်ယာဉ်များသည် အခင်းဖြစ်နေရာမှ ကီလိုမီတာအနည်းငယ်အကွာရှိပီကာဂျာဗီ ဒေသသို့ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ သတင်းများအရ ‌ေ-သဆုံးသူများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071