Monday, December 15, 2025

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...
HomeNewsLocal Newsနိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများမတ်...

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများမတ် (၂၈) နေ့ နောက်ဆုံးထား ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားကြရန် နစက အသိပေး

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများ အနေဖြင့် မတ်လ (၂၈) ရက် နောက်ဆုံးထားကာ ပါတီမှ တ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားကြရန် နစက သတ င်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၆) ရက်က နစက မှ အသစ်ပြဌာန်းလိုက်သည့် ပါတီမှတ်ပုံတင်ခွင့် ဥပဒေအသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့်ပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဟု ပြဌာန်းထားခြင်းဖြစ်သ ည်။

အကယ်၍ ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ခွင့် ပြန် လည်လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်မည်ဟုလည်း အဆိုပါ နစက ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဌာန်ထားသည်။

” ဆက်လက်တည်ထောင်လိုတဲ့ နိုင်ငံရေးပါတီများဟာ ရက် ၆၀ အတွင်း ကော်မရှင်ကို ပြန်လည်လျှောက်ထားရမယ်ဆိုတာ လာမယ့် (၂၈) ရက်နေ့မှာ နောက်ဆုံးဖြစ်ပါမယ်။ ဒါက ဥပဒေအရ ပြဌာန်းချက်ဖြစ်ပါတယ်။ ပါတီကြီး/ငယ် မည်သည့်ပါတီမဆို ဒီပြဌာန်းချက်အတိုင်းပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ယင်း ဥပဒေအရ ပါတီ မှတ်ပုံတင် ပြန်လည်လျှောက်ထားခွင့်ရှိသည့်ရက်ပေါင်း (၆၀)သည် လာမည့် မတ်လ (၂၆) ရက်တွင် ပြည့်မည်ဖြစ်သော်လည်း အစိုးရ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် ရုံးပြန်ဖွင့်မည့် မတ်လ (၂ ၈) ရက်အထိ နောက်ဆုံးထား လျှောက်ထားခွင့် ရှိမည်ဖြ စ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယခင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံ တင်ထားသည့် နိုင်ငံရေးပါတီပေါင်း (၉၀) ကျော် ရှိသည့်အနက် လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်ပြန်လည်လျှောက် ထားသည့်ပါတီ (၂၃) ပါတီသာရှိသေးကြောင်း ပြည်ထော င်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသ ည်။

အဆိုပါ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ (၂၀) ကျော်တွင် ပြည်ထောင်စု တစ်ဝန်းလုံးအနေဖြင့် ရပ်တည်ရန် လျှောက်ထားသည့်ပါတီ (၅) ပါတီသာရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071