နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ ရက်ပေါင်း (၉၀) အတွင်း ပါတီမှတ်ပုံတင် ဥပဒေအရ သတ်မှတ်ထားသည့် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး မဆောင်ရွက်နိုင်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြ င်း ဥပဒေပုဒ်မ (၁၂) အရ အရေးယူမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ်လ (၂၀) ရက်တွင် ထုတ်ပြန်အသိပေးထားသည်။
ယနေ့ ဩဂုတ်လ(၂၀)ရက်တွင် UEC က ထုတ်ပြန်သည့် အ မိန့်ကြော်ငြာစာအမှတ် ( ၅၆ / ၂၀၂၅ )ဖြင့် ထုတ်ပြန်အသိ ပေးထားခြင်းဖြစ်သည်။
ယင်းအမိန်အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၅) ပုဒ်မခွဲ ( စ )နှင့်( ဇ ) တို့အရ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေ အ တွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတ င်ပြရမည့်ရက်ကို စက်တင်ဘာ (၇) ရက်အဖြစ် သတ်မှတ်ကြောင်းလည်း သိရသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ (၅) ပုဒ်မခွဲ ( စ ) အရ ရွေးကောက် ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း (၉၀) ကြိုတင်၍ ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အ နည်းဆုံး (၅၀၀၀၀) ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀) ကို စည်းရုံးရမည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၅) ပုဒ်မခွဲ (ဇ)တွင် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း (၉၀) အတွင်း ပြည်ထောင်စု တစ် ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ၌ လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွ င်း၌သာစည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး (၅) မြို့နယ်၌လည်းကောင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဟု ပြဌာန်းထားသည်။
အဆိုပါ ပြဌာန်းချက်များနှင့်အညီ ပါတီများအနေဖြင့် သတ် မှတ် ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်းများကို စက်တင်ဘာ (၇) ရက် နောက်ဆုံးထားကာ UEC သို့ တင်ပြရမည်ဖြ စ်ပြီး သတ်မှတ်ချိန်အတွင်း ပြည့်မီစွာ မဆောင်ရွက်နိုင်ပါက ပါတီမှတ်ပုံတင် ဥပဒေ ပုဒ်မ (၁၂) အရ အရေးယူမည်ဟု UEC က ယနေ့ ရက်စွဲဖြင့် သတိပေး ကြေညာခဲ့ခြင်းဖြစ်သ ည်။
