Sunday, June 28, 2026

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeNewsLocal NewsOnline လိမ်လည်မှု ကျူးလွန်ခဲ့ကြသည့်နိုင်ငံပေါင်း(၄၀)မှ...

Online လိမ်လည်မှု ကျူးလွန်ခဲ့ကြသည့်နိုင်ငံပေါင်း(၄၀)မှ နိုင်ငံခြားသား(၉,၅၅၁)ဦးကို ဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ လွဲပြောင်းပေးခဲ့

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး Online လိမ်လည်မှုနှင့် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း(၄၀)မှ နိုင်ငံခြားသား(၉,၅၅၁)ဦးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၂၂ ရက်အထိ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်မှတစ်ဆင့်ဝင်ရောက်လာသော နိုင်ငံခြားသား အမျိုးသား(၈,၇၁၀)ဦးနှင့် အမျိုးသမီး (၇၉၆)ဦး(စုစုပေါင်း ၉,၅၀၆ ဦး)အနက် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park)နယ်မြေများသို့ ရောက်ရှိသွားသည့် နိုင်ငံခြားသား အမျိုးသား(၄၄)ဦးနှင့် အမျိုးသမီး(၁)ဦး(စုစုပေါင်း ၄၅ ဦး)တို့ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ခြင်းအပါအဝင် နိုင်ငံပေါင်း (၄၀)မှ နိုင်ငံခြားသား အမျိုးသား(၈,၇၅၄)ဦးနှင့် အမျိုးသမီး(၇၉၇)ဦး (စုစုပေါင်း ၉,၅၅၁ ဦး)ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား တာဝန်ရှိသူများကလိုအပ်သည့် ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများစာရင်းကောက်ယူ၍ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့်ပြည်နှင့် လွှဲပြောင်းပေးခဲ့ရာ ယနေ့ အောက်တိုဘာ ၂၂ ရက်အထိ နိုင်ငံခြားသား အမျိုးသား(၈,၅၆၀) ဦး၊ အမျိုးသမီး(၇၇၉) ဦး(စုစုပေါင်း ၉,၃၃၉ ဦး)တို့ကို သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံပြည်နှင့် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျန်ရှိနေသည့် နိုင်ငံခြားသား အမျိုးသား (၁၉၄)ဦးနှင့် အမျိုးသမီး(၁၈)ဦး(စုစုပေါင်း ၂၁၂ ဦး)တို့သည်လည်း သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ စာမေးပွဲအောင်မြင်သူ(၆၈၄)ဦးရှိ

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းများအရ မကွေးတိုင်း၊ မင်းဘူး(စကု) မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် ခဲ့ကြောင်း သိရသည်။ မင်းဘူး(စကု)မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူသည် "ပညာအလင်းရောင်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းဘူး(စကု)မြို့နယ်မှ ကျောင်းသား/သူ(၁,၁၉၅)ဦးရှိပြီး အောင်မြင်သူ(၆၈၄)ဦးရှိခဲ့ကာ ယင်း အနက် (၅)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊...

The Whole Burma First ရခဲ့သူ သမီးလေး မသီရိစိုးကို ဂုဏ်ပြုအနမ်းချွေခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကြည်နူးစရာမြင်ကွင်း

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂ မှတ်နဲ့ရရှိခဲ့ပါတယ်။ သမီးလေးအတွက် ဖေဖေ ဦးတင်အောင်ဝင်း၊ မေမေ ဒေါ်ဦးခင်ကျော့တို့က ဂုဏ်ပြုအနမ်းလက်ဆောင်ပေးနေတဲ့ ကြည်နူးစရာပုံရိပ်ကို ပရိသတ်တွေ ထပ်တူခံစားရအောင် ဖော်ပြပေးလိုက်ပါတယ်။

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦးအပါအဝင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၂,၈၆၅) ဦးရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ ကြေညာခဲ့ရာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စာစစ်ဌာန (၉) ခု၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၄,၅၅၃) ဦးအနက် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး အပါအဝင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ (၂,၈၆၅) ဦး ရှိခဲ့ကြောင်း သိရသည်။ (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071