ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်ကာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ယနေ့ ဇူလိုင်လ (၃၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၄ /၂ဝ၂၅ ၊ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် (၂၀၂၅ ခုနှစ်၊ ဇူလိုင် လ ၃၁ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရာစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်းနိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန် မှုများပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွ က် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မ ရှင်ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကော်မရှင်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အဖွဲ့ဝင်များအ ဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်း ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုး သားစီမံကိန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးညိုစော၊ အမှုဆောင်ချုပ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဦးအောင်လင်းဒွေး ၊ပြည်ထောင်စုဝန်ကြီး ကာ ကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြည် ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန ၊ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ န ယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ တွဲဖက်အမှုဆောင်ချုပ် အတွ င်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ပါဝင်ကြောင်း သိရသည်။
