နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းကကျင်းပသည့် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကိုတက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအား ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ၍ ယနေ့နိုင်ငံတော်တွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် လက်နက်ကိုင်အကြမ်းဖက်မှုအန္တရာယ်များနှင့် အခက်အခဲများကိုထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်နေခြင်းပင်ဖြစ် သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
” နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ယူထားတဲ့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ အဲဒီလိုဘဲ တပ်မတော်သားတွေကလည်း ပြည်သူလူထုကြားကပေါက်ဖွားလာကြသူတွေဘဲဖြစ်လို့ တပ်မတော်အနေနဲ့ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့ အဆင့်ဆင့်ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များဖြစ်သည့် စည်သူဘွဲ့(၁၃)ဦး၊ တပ် မတော်စွမ်းရည်သတ္တိဘွဲ့များဖြစ်သည့် သီဟသူရဘွဲ့(၂) ဦးနှင့် သူရဘွဲ့(၁)ဦး၊ သီရိပျံချီဘွဲ့(၁၀)ဦး၊ ဇေယျကျော်ထင်ဘွဲ့(၉)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၁၇)ဦး၊ အလင်္ကာကျော်စွာဘွဲ့(၈)ဦး၊ သိပ္ပံကျော်စွာဘွဲ့(၁၁)ဦးတို့ကို ဂုဏ် ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့ကာ အခမ်းအနားတက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
