နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ ဇန်နဝါရီ ၄ ရက်ညနေပိုင်းက (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အ ထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုဖျော်ဖြေပွဲကိုလည်းကျင်းပခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဂုဏ်ပြုညစာစား ပွဲတက်ရောက်လာသည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင် စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မီးရှူးမီးပန်းများပစ်ဖောက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ရာ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပ ညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များကသီဆိုတီးမှုတ်ဖျော်ဖြေကာ ဂုဏ်ပြုဆောင်ခန်းမ၌လည်း ပဒေသကပွဲကျင်းပခြင်းကို ကြည့်ရှုအားပေး၍ တေးသံ ရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့်ဇနီး၊ ကော်မ ရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည် ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု- ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ ဌာနဆိုင်ရာအကြီးအ ကဲများ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ၊ တိုင်းရင်းသားတိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အ ထူးဖိတ်ကြားသူများလည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။
