Tuesday, January 6, 2026

(၂၁) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ...

(၂၁)ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ(ကျွမ်းကျင်အဆင့်)နှင့် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ(အငယ်တန်းအဆင့်) တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (Japanese Literature Translation Contest) သည်...

တရုတ်နှင့်ဆက်ဆံရေး အဆင့်သစ်ဖွင့်လှစ်ထူထောင်လို- လီဂျေးမြောင်

ရာထူးတာဝန်ယူပြီးနောက်ပိုင်း လီ၏ ပထမဆုံး ပေကျင်းခရီးစဉ်အတွင်း၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့အပြီးတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအတွက် အဆင့်သစ် ဖွင့်လှစ်လိုကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က...

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား ဇန်နဝါရီလ ပထမပတ်၌...

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျင်းပခဲ့ရာ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် ဇန်နဝါရီ ပထမပတ် နှစ်သစ်ကူးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့တို့တွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်ဖူးမြော်ကြသူ ၅၈၀၀၀...

ဆီးနှင်းကျ၍ ဗြိတိန်၊ ပြင်သစ်နှင့် နယ်သာလန်တွင်...

ယခုနှစ်ဆောင်းရာသီ၏ အအေးဆုံးရာသီဥတုကို ဇန်နဝါရီလ ၅ ရက်‌နေ့တွင် ဗြိတိန်၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့တွင် ကြုံတွေ့ခဲ့ရပြီး ခရီးသွားလာမှုများအနှောင့်အယှက်ဖြစ်ခဲ့သည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ကြီးမားသောအနှောင့်အယှက်များကြုံရပြီး လမ်းများပိတ်သွားခြင်း၊...
HomeNewsLocal Newsနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည်...

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏အသက်ခန္ဓာဖြစ်ဟု နိုင်ငံတော် ယာယီသမ္မတပြော

အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားကိုရည်မျှော်ဆောင်ရွက်ကြရန်လည်းတိုက်တွန်းခဲ့

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏အသက်ခန္ဓာဖြစ်ဟု နိုင်ငံတော် ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအ မှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်း အနားတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အင်အားကြီး နိုင်ငံနှစ်ခုကြားတွင် တည်ရှိနေပြီး ရှုပ်ထွေးသည့်နိုင်ငံရေးသမိုင်းကြောင်း နောက်ခံများနှင့်အတူ ပထဝီအနေအထားအရ အဓိကကျသည့်နေရာတွင်ရှိနေသည့်အပြင် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများလည်းရှိနေ၍ တည်ငြိမ်မှုရှိအောင်ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အ ခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့လာနိုင်သည်ဟု ပြောသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကိုသင်ခန်းစာယူပြီး အနာ ဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော်တည်ဆောက်ပြီး နိုင်ငံအ တွက် ကောင်းသည့်အမွေကိုပေးခဲ့မှသာ မိမိတို့ကာလ၊ မိမိတို့ မျိုးဆက်များသည် နိုင်ငံအပေါ်သစ္စာရှိပြီး တာ ဝန်ကျေပွန်မည်ဟု ပြောသည်။

” အဲဒီလို အသက်တမျှအရေးကြီးလှတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်က တိုင်းရင်းသားပြည်သူတွေနဲ့ တွဲလက် ညီညီသက်စွန့်ကြိုးပမ်းရင်ဆိုင်ကာကွယ်ခဲ့ကြတာကြောင့် ယနေ့အထိလွတ်လပ်ရေးနဲ့ အချုပ်အခြာအာ ဏာတည်တံ့နေခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန်စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွားတိုင်း ရင်းသားအားလုံးက အထူးအလေးထားပြီး တက်ညီ လက်ညီလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၌ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရသေးသူများအနေဖြင့် အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော် အကျိုး စီးပွားကိုရည်မျှော်ပြီး နိုင်ငံတော်အစိုးရနှင့် အမြန်ဆုံး လက်တွဲဆောင်ရွက်ကြရန်၊ အမြင်မတူ သဘောထားကွဲလွဲနေကြသည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေ ဖြင့်လည်း ပဋိပက္ခများမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြ ရန်ထပ်မံဖိတ်ခေါ်သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၁) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

(၂၁)ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ(ကျွမ်းကျင်အဆင့်)နှင့် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ(အငယ်တန်းအဆင့်) တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (Japanese Literature Translation Contest) သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကျွမ်းကျင်အဆင့်ဘာသာပြန်ပြိုင်ပွဲကို Zoom online system ဖြင့် ကျင်းပမည်ဖြစ်သည်။ လျှောက်ထားရမည့်ကာလမှာ ဇန်နဝါရီ ၅ ရက်မှ ၁၈ ရက် အထိဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ...

တရုတ်နှင့်ဆက်ဆံရေး အဆင့်သစ်ဖွင့်လှစ်ထူထောင်လို- လီဂျေးမြောင်

ရာထူးတာဝန်ယူပြီးနောက်ပိုင်း လီ၏ ပထမဆုံး ပေကျင်းခရီးစဉ်အတွင်း၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့အပြီးတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအတွက် အဆင့်သစ် ဖွင့်လှစ်လိုကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယခုထိပ်သီးအစည်းအဝေးသည် ၂၀၂၆ ခုနှစ်ကို ကိုရီးယား-တရုတ်ဆက်ဆံရေး အပြည့်အဝပြန်လည်ထူထောင်သည့် ပထမနှစ်အဖြစ် ဖန်တီးရန် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်လာလိမ့်မည်ဟု လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာ‌မြောက်ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ခေတ်ကာလ၏ ပြန်လည်ပြောင်းလဲ၍ မရနိုင်သော လမ်းကြောင်းတစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု မိမိယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပိုင်သတင်းဌာန ရှင်းဟွာက သတင်းဖော်ပြခဲ့သော မှတ်ချက်များတွင်...

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား ဇန်နဝါရီလ ပထမပတ်၌ ဘုရားဖူးပြည်သူ (၅၈,၀၀၀)ကျော် လာရောက်ဖူးမြော်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျင်းပခဲ့ရာ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် ဇန်နဝါရီ ပထမပတ် နှစ်သစ်ကူးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့တို့တွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်ဖူးမြော်ကြသူ ၅၈၀၀၀ ကျော်ရှိကြောင်း သိရသည်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူများ အန္တ‌ရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်လျက်ရှိသည်။ ထို့ပြင် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် နေ့စဉ်ပြေးဆွဲပေးလျက် ရှိကာ သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071