Tuesday, August 18, 2026

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား...

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့်...

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။...

စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ခြိမ်းခြောက်ရန်မဟုတ်ဘဲ မိမိကိုယ်ကို...

တောင်ကိုရီးယား၏ စစ်ရေးနှင့် အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုများသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်သာဖြစ်ပြီး မြောက်ကိုရီးယားကို တိုက်ခိုက်ရန် သို့မဟုတ် ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းမရှိကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က အင်္ဂါနေ့တွင်...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြု

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချကာ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြုသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးက လွမ်းသူပန်းခွေကို ဦးဆောင်သယ်ဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချကာ ကျဆုံးခဲ့ကြသည့် သူရဲကောင်းများအား ရည်စူး၍ တစ်မိနစ် ငြိမ်သက်စွာ ဂုဏ်ပြုအလေးပြုသည်။ လွမ်းသူပန်းခွေချ အလေးပြုပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ယင်းသို့ နှုတ်ဆက်စဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာ့တပ်မတော် စစ်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပါတယ်။ နန်းတော်ရေးရာဝန်ကြီး Kuy Sophal နဲ့ အမျိုးသားနဲ့ နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး Chin Ketna တို့ဟာ ဦးမင်းအောင်လှိုင်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်...

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။ ။ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော သန်းနှင့်ချီသည့်မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ မိသားစုဝင်များနှင့်ချစ်ခင်ရသူများထံ သို့ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သာစွာငွေလွှဲနိုင်မည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို True Money နှင့် KBZPayတို့ပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဤဝန်ဆောင်မှုမှတစ်ဆင့်သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ True Money Wallet မှ မြန်မာနိုင်ငံရှိ KBZ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071