Tuesday, June 16, 2026

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of...

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ
မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသောနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

မကြာမီ တွေ့ဆုံကြတော့မည့်ထိပ်သီးခေါင်းဆောင်နှစ်ဦး၏ လတ်တလော နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုများ

ယခု ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီကာလအတွင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ၊ အိမ်နီးနားချင်းများနှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် သံတမန်ရေးရာ တွေ့ဆုံမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ၏ သံတမန်ရေးရာ လှုပ်ရှားမှုများ

အိန္ဒိယနိုင်ငံ ခရီးစဉ်

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက် ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်တွင် သွားရောက်ခဲ့ပြီး အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ဇွန် ၈ ရက်က ဂါ ရဝပြုတွေ့ဆုံမှုကိုလည်း လက်ခံတွေ့ဆုံခဲ့သည်။

လာအိုဒု-ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံခြင်း

ဇွန်လ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan Phomvihane အား လက်ခံတွေ့ဆုံခဲ့သည်။လာအိုသို့ ဖိတ်သည့် ဖိတ်ကြားစာပါ တပါတည်းယူလာခဲ့သည်။

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ သံတမန်ရေးရာ လှုပ်ရှားမှုများ

အမေရိကန်သမ္မတနှင့်
တွေ့ဆုံခြင်း

မေလ ၁၄ ရက် နံနက်ပိုင်းကလည်း တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ် ရောက်ရှိလာသည့် အမေရိကန်သမ္မတ မစ္စတာဒေါ်နယ်ထရမ့် (Mr. Donald Trump) နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့သည်။

ရုရှားသမ္မတနှင့် တွေ့ဆုံခြင်း

မေလ ၂၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည့် ရုရှားနိုင်ငံသမ္မတ မစ္စတာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြောက်ကိုရီးယားခရီးစဉ်

ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ နိုင်ငံတော်အဆင့် ခရီးစဉ် သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးရလဒ်များ ထွက်ပေါ်လာနိုင်ဟု သုံးသပ်

ယခုကဲ့သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ မတွေ့ဆုံမီ ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများနှင့် အသီးသီး တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ ပထဝီနိုင်ငံရေးအရ ကမ္ဘာ့က စောင့်ကြည့်ရမည့် ခရီးစဉ်တစ်ခု ဖြစ်လာသည်။

ယခု ထိပ်သီးခေါင်းဆောင်နှစ်ဦး တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့အတွက် အကောင်းမွန်ဆုံးသော မဟာဗျူဟာမြောက် ရလဒ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်ဟု နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သုံးသပ်ထားကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ လိုက်ပါလာသော အထူးလေယာဥ်သည် တရုတ်နိုင်ငံ၊ ပေကျင်းမြိုရှိ Capital လေဆိပ်သို့ ဆိုက်ရောက်လာရာ တရုတ်နိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံ တော်အဆင့်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား ကြိုဆိုရန် ပြင်ဆင်နေသည့် မြင်ကွင်းများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of the People တွင် ပြင်ဆင်နေသည့် မြင်ကွင်းများကို ယနေ့ ဇွန် ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားကို Great Hall of the People ၌ ကျင်းပသွားမည်ဖြစ်သည်။

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071