နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး က ယနေ့ ဇွန် ၁၂ ရက်နံနက်ပိုင်းက လာရောက် တွေ့ဆုံမည်ဖြစ်သည်။
လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရား ဝင်ခရီးစဥ်လာရောက်ခြင်းဖြစ်သည်။
၎င်းတို့သည် ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်သို့ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးကိုကိုကျော်နှင့် တာ ဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။
