Saturday, June 21, 2025

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန်...

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...
HomeInternationalနိုင်ငံတော်လုံခြုံရေးကြောင့်ဟုဆိုကာ တရုတ်နိုင်ငံထုတ်ဟွာဝေးနှင့် ZTE...

နိုင်ငံတော်လုံခြုံရေးကြောင့်ဟုဆိုကာ တရုတ်နိုင်ငံထုတ်ဟွာဝေးနှင့် ZTE ပစ္စည်းများရောင်းချမှုအား အမေရိကပိတ်ပင်

သမ္မတဘိုင်ဒင်အစိုးရသည် တရုတ်နိုင်ငံထုတ် ဟွာဝေးနှင့် ZTE တို့မှ ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုခြင်းကိုပိတ်ပင်ခဲ့ပြီး ၎င်းတို့သည်အမေရိကန် နိုင်ငံတော်လုံခြုံရေးအတွက် လက်မခံနိုင်သောအန္တရာယ်ဖြစ်စေသည့် ပစ္စည်းများဖြစ်သည်ဟုလည်းဆိုသည်။

၎င်းအပြင် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က တရုတ်နိုင်ငံ၏ စောင့်ကြည့်ကိရိယာထုတ်လုပ်သည့် Dahua Technology၊ ဗီဒီယိုစောင့်ကြည့်ရေးကုမ္ပဏီ Hangzhou Hikvision Digital Technology နှင့် တယ်လီကွန်းကုမ္ပဏီ Hytera Communications တို့မှထုတ်လုပ်သည့် စက်ပစ္စည်းများရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းတို့ကိုလည်းတားမြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ကပြောကြားခဲ့သည်။

ယခုကဲ့သို့ပြုလုပ်ခြင်းသည် ပေကျင်းအနေဖြင့် အမေရိကအားထောက်လှမ်းရန် တရုတ်နည်းပညာကုမ္ပဏီကြီးများမှတစ်ဆင့် ပြုလုပ်မည်ကိုစိုးရိမ်သဖြင့် ယခုလိုကန့်သတ်ခြင်းမျိုးလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။

ယခုအခြေအနေနှင့်ပတ်သက်၍ ဟွာဝေးမှမှတ်ချက်ပြုရန်ငြင်းဆိုခဲ့သည်။ ZTE,Dahua,Hikvsion and Hytera တို့သည်လည်း မှတ်ချက်ပြုရန်ငြင်းဆိုခဲ့ကြသည်။တရုတ်ပစ္စည်းများအား ကန့်သတ်ပိတ်ပင်လိုက်ခြင်းအပေါ် အမေရိက၏ ရီပတ်ဘလစ်ကန်နှင့်ဒီမိုကရက်တစ်ပါတီနှစ်ခုလုံးမှ သဘောတူထောက်ခံခဲ့ကြသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန် အစ္စရေးသိပ္ပံပညာရှင်များ ကြိုးပမ်းနေ

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို ကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါဒုံးကျည်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တဲလ်အဗစ်မြို့၏တောင်ဘက်စွန်း ရီဟို‌ဗို့(Rehovot)ရှိ အဆိုပါသိပ္ပံဌာနဝင်းကို ထိမှန်ခဲ့ရာ အဆောက်အအုံများစွာ ပျ-က်စီးခဲ့ပြီး မီးလေ-ာင်နေချိန်တွင်ပင် သုတေသီများ ဓာတ်ခွဲနမူနာများကို ကယ်ဆယ်ရန် အပျ-က်အစီးများထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ညအချိန်တွင် ဝင်းထဲ၌ လူမရှိသဖြင့် မည်သူမျှ ထိခို-က်ဒဏ်ရာမရရှိခဲ့သော်လည်း အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး ကျန်ရှိသောအပိုင်းတွင် နံရံများပွင့်ထွက်ကာ လိမ်နေသောသတ္တုများ၊...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ ပေါ်လိုဒါဆေးလ်ဗာကို ခေါ်ယူထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ရခိုင်ယူနိုက်တက်သည် ကွာနားဖိုင်နယ်အဆင့်တွင် နှုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် မတ်လ (၂၆)ရက်က ခေါ်ယူထားသည့် ဘရာဇီးနိုင်ငံသား နည်းပြချုပ်အသစ် ရီကာဒိုဒါရိုချာနှင့် တရားဝင်လမ်းခွဲအပြီး ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ပြိုင်ပွဲအတွက် ကာလတို ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်းများကိုဆက်လက်ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့) B.A ဘွဲ့ရရှိထားသူများ(သို့) B.Sc ဘွဲ့ရရှိထားသူများဖြစ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များလာရောက်လျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား ဇွန် ၂၀ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ IBEC ဗုဒ္ဓတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းများကိုလည်း ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်စတင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071