Saturday, May 17, 2025

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA...

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊...

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင်...
HomeNewsLocal Newsနိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးသည်...

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးသည် တစ်ခဏအတွင်း ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေးရရှိနိုင်ရန် ကြာမြင့်စွာကြိုးပမ်းဆောင်ရွက်ရ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားအား ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အရေးအရာများနှင့်နိုင်ငံ့တာဝန်များအား ထမ်းဆောင်ခဲ့ကြသည့် ခေတ်အဆက်ဆက်တွင် အမြင်တူခြင်းမတူခြင်း၊မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းများရှိခဲ့သည်ဟု ဆိုသည်။

“လက်ရှိအချိန်မှာလည်း အမြင်တူခြင်းမတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းတွေ ရှိနေသေးပါတယ်။ ဒီနှစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခြင်းဟာ တိုင်းပြည်လွတ်လပ်ရေးရရှိဖို့နှင့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသူတွေနဲ့ ဂုဏ်ပြုချီးမြှင့်ထိုက်သူတွေအားလုံးကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုသည်မှာ တစ်ခဏတာအတွင်း ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ် ရေးရရှိနိုင်ရန် ကြာမြင့်စွာကြိုးပမ်းဆောင်ရွက်ရ သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးပြန်လည်ရရှိရန် နှစ်ပေါင်း ၁၀၀ ကျော် မိဘဘိုးဘွားများ၏ အသက်၊သွေး၊ချွေးမြောက်များစွာစတေးပြီး အလွန် တရာခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့ရသဖြင့် အလွယ်တကူရရှိခဲ့ခြင်းမဟုတ်သည်ကို မမေ့အပ်ဟု​ပြောကြားခဲ့သည်။

“အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ တိုင်းရင်းသားအားလုံး ဇွဲ၊လုံ့လ၊သတ္တိအပြည့်နဲ့စွန့်လွှတ်စွန့်စားပြီး ညီညီညွတ်ညွတ်ကြိုးပမ်းခဲ့ကြလို့ လွတ်လပ် ရေးကိုအရယူနိုင်ခဲ့တာပါ”ဟု နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွားသည်။

ရယူခဲ့ရသည့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာ ဏာသည် မြန်မာနိုင်ငံသားအားလုံး၏ အသက်ခန္ဓာပင်ဖြစ်ကာ အမျိုးသားခေါင်းဆောင်ကြီးများနှင့်ဘိုးဘေးဘီဘင်၊မျိုးချစ်ပုဂ္ဂိုလ်များ စွန့်လွှတ်စွန့်စားအားထုတ်ကြိုးပမ်းရယူခဲ့သည့် မြန်မာ့လွတ်လပ်ရေး အစဉ်ထာဝရတည်တံ့နေစေရန်  ယခုကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံးဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွား​ရေးကို နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

“လွတ်လပ်တဲ့ နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရမယ့်တာဝန်ဟာ မြန်မာနိုင်ငံသားအားလုံး၊တိုင်းရင်း သားပြည်သူအားလုံးရဲ့တာဝန်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မိဘဘိုးဘွားများ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့သည့် ကြီးမြတ်သောဂုဏ်ကို ဆက် လက်စောင့်ထိန်းပေးရန်လည်း နစက ဥက္ကဋ္ဌကတိုက်တွန်းခဲ့သည်။င

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။ “ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့က...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်၍ ဆောင်ရွက်ဆဲလက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၃)ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိအခြေခံပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်း(၉၇၁)ဦးဖန်...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်"စက်လှေပေါ်မှ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁) နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ်(၃၁)အိတ်ဖြင့်ထည့်ထားသောI CE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဧပြီ ၂၇ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် (၁၈၀)ခန့်အကွာပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း (၅၄)နှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071