Saturday, June 21, 2025

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...
HomeNewsLocal Newsနိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” နိုင်ငံတစ်ခုတိုးတက်ဖို့အတွက် စီးပွားရေးအရအားကောင်းဖို့လိုအပ်ပါတယ်။ အဲ့လို စီးပွားရေးအားကောင်းအောင်ဆောင်ရွက်ဖို့အတွက် အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိပါတယ်။ နိုင်ငံရဲ့ GDP ဟာ အိမ်နီးချင်းနိုင်ငံတွေထက်လျော့နည်းနေတာကြောင့် မိမိတို့အနေနဲ့ အခုထက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရဦးမှာဖြစ်ပါတယ်”ဟု နစကဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် မူဝါဒကိုသာချမှတ်ပေးမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များမှအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကာ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တို-က်တွန်းပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

” သို့သော် တိုင်းနဲ့ပြည်နယ်တွေအလိုက်လုပ်ငန်းတွေ ထိုက်သင့်သလောက်အောင်မြင်မှုမရှိခဲ့ပါဘူး။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိသေးတာကိုတွေ့ရပါတယ်။ ဆီထွက်သီး နှံလည်းအထွက်နှုန်းအားနည်းနေဆဲဖြစ်လို့ ပြည်ပကနေတင်သွင်းနေရဆဲဖြစ်ပါတယ်။ အဲဒီလို စိုက်ပျိုးသီးနှံတွေ ပန်းတိုင်ရည်မှန်းချက်မပြည့်မီတာကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ(၈)ဘီလီယံကျော်ခန့်လျော့နည်းခဲ့တာကို တွက်ချက်မှုတွေအရတွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် သီးထပ်စွမ်းအားများ ရာနှုန်းပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန် ဒေါ် လာ(၁၄)ဘီလီယံခန့်ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း အမှန်တကယ် အလုပ်လုပ်ခြင်းမရှိသဖြင့် ဝင်ငွေနည်းရခြင်းဖြစ်ကာ ငွေကြေးဈေးနှုန်းများ မတည်မငြိမ်ဖြစ်ရခြင်းကိုလည်း အချက်တစ်ချက်အနေဖြင့်စဉ်းစားရန်လိုပြီး နိုင်ငံဝင်ငွေတိုးတက်ရန် ကုန်ထုတ်လုပ်မှုကိုတိုးမြှင့်ဆောင်ရွက်နိုင်ပါက ငွေကြေးဈေးနှုန်းများတက်လာမည်မဟုတ်သကဲ့သို့ ကုန်ဈေးနှုန်းများလည်းတိုးမြှင့်လာမည်မဟုတ်၍ အလုပ်ကိုအမှန်တကယ်လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ရန်လိုအပ်မည်ဟု ပြောသည်။

” ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းကို အဖြေရှာဖို့လိုပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတခြင်းတွေကို ဖြေရှင်းနိုင်ဖို့ဆောင်ရွက်ရပါမယ်။ ဒါ့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်အောင် မိမိတို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြရပါမယ်။ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ရင် လိုအပ်ချက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အချိန်တိုအတွင်း လျှပ်စစ်ရရှိနိုင်ဖို့ ဆိုလာစွမ်းအင်နဲ့ဖြေရှင်းဆောင်ရွက်နိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေအနေနဲ့ လျှပ်စစ်ဓာတ်အားတွေထုတ်လုပ်လို့မရနိုင်စေဖို့ စက်ရုံ၊ အလုပ်ရုံတွေ၊ ဓာတ်အားပေးတိုင်တွေကို ဖျ-က်ဆီးတာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေကိုဆောင်ရွက်လျက်ရှိပေမယ့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဝန်ထမ်းတွေက လျှပ်စစ်စွမ်းအားပေးနိုင်ဖို့အတွက် အစွမ်းကုန်ဆောင်ရွက်နေတာကို အသိအမှတ်ပြုကျေးဇူးတင်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သမားများ၏ လမ်းတံတားဖောက်ခွဲဖျ-က်ဆီးမှုများကို ရက်ပိုင်းအတွင်း နာရီပိုင်းအတွင်း ပြန်လည်ကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ဆောက်လုပ်ရေးဝန် ကြီးဌာနအနေဖြင့်လည်း ထိခို-က်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိကာ ပို့ဆောင်ရေးနှင့် လမ်း ပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရန်အခက် အခဲများစွာရှိမည်ဖြစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများထိခို-က်စေနိုင်မည်ဟု ပြောသည်။

ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထုကယုံကြည်မှုရှိပြီး အားကိုးရသည့်အစိုးရတစ်ရပ်ဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး သမိုင်းကြောင်းကောင်းကိုရေးထိုးနိုင်ရန်လည်းလိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့် ရုရှား စတင်

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလျံတန်ဖိုးရှိ သောရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို စတင်ရန် သဘောတူခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှား-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတည်ထောင်းခြင်း သဘောတူညီချက်ကို အင်ဒိုနီးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara နှင့် ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ပူးတွဲဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည် တည်ဆောက်မှုတို့ကို မောင်းနှင်ခြင်းဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့် စက်သုံးဆီ ဖူလုံမှုရှိဟုဆို

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် သက်သာလျော့နည်းပြီး ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် (၁၀ဝ) မှ ကျပ် (၁၅၀)ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှစက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း၌ စက်သုံးဆီ...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071