မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာတွင် သွေးထိုးလှုဆော်ခံရမှုများ၊ မြန်မာနိုင်ငံအတွင်းမှ စည်းလုံးညီ ညွတ်မှုမရှိသူများ၏ သွေးထိုးလှုဆော်မှုများကြောင့် နိုင်ငံရေးအရ မြန်မာနိုင်ငံသည် နိုင်ငံတကာရေးရာတွင် အနည်းငယ်နောက်ကျနေသော အခြေအနေမျိုး ဖြစ်ပေါ်နေမှုကိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်များ၊ တရုတ်နိုင်ငံခရီးစဉ်များမှမြှင့်တင်ပေး နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအ ဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။



တရုတ်နိုင်ငံသမ္မတ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို အလုပ်သဘောခရီးစဥ်သွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဥ်တွင်စွမ်းဆောင်ခဲ့မှုများနှင့်ပတ်သက်၍ အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအ ဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်ပြီး ပိုပြီးကောင်းမွန်သည့် မြှင့်တင်မှု၊ ပိုပြီးပြည့်စုံသည့်မြှင့်တင်မှုများရှိလာခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
နိုင်ငံတကာခေါင်းဆောင်များအနေဖြင့်လည်း မြန် မာနိုင်ငံခေါင်းဆောင်နှင့်အနီးကပ်တွေ့ရ၍ မြန်မာ နိုင်ငံခေါင်းဆောင်၏ စိတ်နေစိတ်ထားကိုတွေ့ရှိခဲ့ရပြီးနောက် ၎င်းတို၏ မြန်မာနိုင်ငံအပေါ်မှာထားရှိသည့်စိတ်ထားများ၊ မြန်မာနိုင်ငံအပေါ်ထင်မြင်သည့် အထင်အမြင်များ ပိုမိုကောင်းမွန်လာစေရန် မြန်မာ နိုင်ငံတော် ယာယီသမ္မတက စွမ်းဆောင်နိုင် ခဲ့ကြောင်း သိရသည်။
ထိုပြင် မြန်မာနိုင်ငံတော် ယာယီသမ္မတသည် နိုင်ငံ တကာမှခေါင်းဆောင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရန် အဓိကလိုအပ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ IT ကဏ္ဍ၊ ကုန်သွယ်ပိုဆောင်ရေးကဏ္ဍများကိုဆွေးနွေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံများကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
