Wednesday, July 15, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို...

ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင်...

နိုင်ငံခြားသားပြည်နှင်ဒ-ဏ်ပေးသည့်ဥပဒေကြမ်းထိုင်းအစိုးရ အတည်ပြု

နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမဆုံး တရားဝင်စည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ချိုးဖေ-ာက်သည့် နိုင်ငံခြားသားများကို နှင်ထုတ်မှု ကို...

ဘူတန်ဒုက္ခသည်အတု ဖန်တီးမှုဖြင့် နီပေါဝန်ကြီးဟောင်းများကို ထောင်ချ

ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော လွဲမှားသည့် ကတိပြုကာ နိုင်ငံသားများကို လိမ်လည်ခဲ့မှုဖြင့် ယခင်အစိုးရဝန်ကြီးနှစ်ဦးနှင့် အခြားလူ တစ်ဒါဇင်ကျော်ကို ထောင်ဒ-ဏ်ချမှတ်ခဲ့ကြောင်း တရားရုံးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

ကော့သောင်းမြို့တွင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များကို တိုင်းလုံခြုံရေးဝန်ကြီး...

ကော့သောင်း၊ ဇူလိုင်-၁၄ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ကုန်သွယ်ရေးလုပ်ငန်းများနှင့် နယ်စပ်အဝင်အထွက်ဂိတ်များကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကော့သောင်းမြို့သို့ ၂၀၂၆...
HomeInternationalနိုင်ငံတကာရာဇဝတ်တရားရုံး(ICC) ကို "ဖျ-က်သိမ်းပစ်မယ်"...

နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) ကို “ဖျ-က်သိမ်းပစ်မယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကတိပြု

နိုင်ငံတကာရာဇဝတ်တရားရုံး (International Criminal Court – ICC) ကို “ဖျ-က်သိမ်းပစ်မယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တနင်္လာနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။ ထရမ့်အစိုးရအနေနဲ့ အဲဒီကမ္ဘာ့အဖွဲ့အစည်းကြီးကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ တခြားနိုင်ငံတွေအနေနဲ့လည်း ဒီလုပ်ရပ်မှာ ပူးပေါင်းပါဝင်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

“ICC ဟာ ကျွန်တော်တို့နိုင်ငံကို ကျည်ဆန်တွေ၊ ဒုံးကျည်တွေနဲ့မဟုတ်ဘဲ နိုင်ငံတကာဥပဒေဆိုတဲ့ အင်အားနဲ့ စစ်ခင်းနေတယ်” လို့ ရူဘီယိုက ပြောပါတယ်။

​ICC အပေါ် ထရမ့်အစိုးရရဲ့ ဒေါသဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းကတည်းက စတင်ခဲ့တာပါ။ အဲဒီအချိန်က အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေကို ICC က စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းခဲ့တဲ့အတွက် အစိုးရက ပ-စ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ထရမ့်အစိုးရသက်တမ်းမှာတော့ အမေရိကန်နဲ့ အစ္စရေးတို့ကို စုံစမ်းစနိစ်ဆေးဖို့ ကြိုးပမ်းတဲ့ ICC တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူမှုတွေ အများအပြား ချမှတ်ခဲ့ပါတယ်။

​ဒါပေမယ့် အခုလို နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ICC ကို ဖျ-က်သိမ်းဖို့ “အစိုးရတစ်ရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှု” လုပ်လာတာကတော့ သိသာထင်ရှားတဲ့ အရှိန်မြှင့်တင်မှုတစ်ခုပါပဲ။ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေကို ဒီလှုပ်ရှားမှုမှာ ပါဝင်လာအောင် ဖိအားပေးတာတွေ၊ မပါဝင်တဲ့နိုင်ငံတွေကို အမေရိကန်ရဲ့ အကူအညီတွေ ဖြ-တ်တေ-ာက်မယ်လို့ ခြိမ်းခြောက်တာတွေကြောင့် ပိုသိသာပါတယ်။

​”အမေရိကန်ရဲ့ အကူအညီတွေကို မှီခိုနေရပြီး ICC ရဲ့ အာဏာကို လက်မခံဖို့တိုက်တွန်းတာကို ငြင်းဆန်တဲ့နိုင်ငံတွေအနေနဲ့ ပိုပြီး စောင့်ကြည့်စစ်ဆေးခံရနိုင်ခြေ ရှိတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောပါတယ်။

​”ကျွန်တော်တို့အစိုးရမှာရှိတဲ့ ကိရိယာတွေအားလုံးကို သုံးပြီး၊ တူညီတဲ့ရည်မှန်းချက်ရှိတဲ့ မဟာမိတ်တွေအားလုံးနဲ့ လက်တွဲပြီးတော့ ICC ကို လိုအပ်ရင် အုတ်တစ်ချပ်ချင်းစီ ဖြု-တ်ပြီး ဖျ-က်သိမ်းပစ်မယ်” လို့ Wall Street Journal က သီးသန့်ဆောင်းပါးတစ်ပုဒ်မှာ ရူဘီယိုက ရေးသားခဲ့ပါတယ်။ အဲဒီကိရိယာတွေထဲမှာ ခရီးသွားလာခွင့်ပိတ်ပင်တာ၊ ဗီဇာရုပ်သိမ်းတာနဲ့ ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်တာတွေ ပါဝင်နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

​အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့၊ အမေရိကန် စစ်တပ်အခြေစိုက်စခန်း လက်ခံထားတဲ့၊ ဒါမှမဟုတ် အမေရိကန်ရဲ့ လုံခြုံရေးအကာအကွယ်ကို ရယူနေတဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ စစ်မှုထမ်းတွေကို တရားစွဲဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ ICC ရဲ့ အာဏာကို ငြင်းပယ်ဖို့ တောင်းဆိုနေပါတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

​”တခြားသူတွေကို ကာကွယ်ဖို့ ကိုယ့်အသက်ကို စွန့်လွှတ်ရဲတဲ့ အမေရိကန်နိုင်ငံသားတွေအပေါ် ခြိမ်းခြောက်နေတဲ့ ဒီအန္တရာယ်ကို ဆန့်ကျင်ရာမှာ ဘယ်နိုင်ငံတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားမှာပါ” လို့ သူတို့က မှတ်ချက်ပြုပါတယ်။

​နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ အမေရိကန် သံအမတ်ကြီးတွေ အပါအဝင် ထိပ်တန်းအရာရှိတွေက “ICC ကို သံတမန်ရေးအရ အထီးကျန်ဖြစ်အောင် လုပ်ဖို့နဲ့ အမေရိကန်တွေကို ပ-စ်မှတ်မထားနိုင်အောင် သေချာစေမယ့် လှုပ်ရှားမှုတစ်ခုအနေနဲ့ နိုင်ငံအသီးသီးကို ဖုန်းခေါ်ဆို ဆက်သွယ်နေတယ်” လို့လဲ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

​ဒီလိုဖုန်းခေါ်ဆိုတာတွေဟာ ICC အဖွဲ့ဝင်နိုင်ငံတွေကို အဖွဲ့ကနေ နှုတ်ထွက်ဖို့နဲ့ “ICCကို ငွေကြေးထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့” စည်းရုံးသိမ်းသွင်းဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

​CNN က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ICC ကို ဆက်သွယ်ထားပေမယ့် ခုထက်ထိ ဘာမှ ပြန်မဖြေသေးပါဘူး။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည်

ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် (၉၉) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တော် (၁၀၀) ပြည့်မြောက်ရန် နီးကပ်လာပြီဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိနှင့် ပညာဂုဏ်တော်များကို ပူဇော်ဂုဏ်ပြုသည့်အနေဖြင့် ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့က ဦးဆောင်ကာ အဆိုပါ မွေးနေ့ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အစီအစဉ်အရ ဇူလိုင်လ (၂၆) ရက်...

နိုင်ငံခြားသားပြည်နှင်ဒ-ဏ်ပေးသည့်ဥပဒေကြမ်းထိုင်းအစိုးရ အတည်ပြု

နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမဆုံး တရားဝင်စည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ချိုးဖေ-ာက်သည့် နိုင်ငံခြားသားများကို နှင်ထုတ်မှု ကို အရှိန်မြှင့်တင် လုပ်ဆောင်မည့် မူဘောင်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။      ဒုတိယဝန်ကြီးချုပ် ပါခွန်း နီလ်ပရာပန့်က အဆိုပြုထားသော ပြည်နှင်ခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဉ်းစည်းကမ်း ဥပဒေမူကြမ်းကို အစိုးရအဖွဲ့က ထောက်ခံခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။       အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် အများပြည်သူဆိုင်ရာ ကျင့်ဝတ်များကို ကာကွယ်ရန် လိုအပ်သည်ဟု ယူဆပါက နိုင်ငံခြားသားများကို နှင်ထုတ်နိုင်သည့် ပြစ်မှုအမျိုးအစား ခြောက်မျိုးကို...

ဘူတန်ဒုက္ခသည်အတု ဖန်တီးမှုဖြင့် နီပေါဝန်ကြီးဟောင်းများကို ထောင်ချ

ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော လွဲမှားသည့် ကတိပြုကာ နိုင်ငံသားများကို လိမ်လည်ခဲ့မှုဖြင့် ယခင်အစိုးရဝန်ကြီးနှစ်ဦးနှင့် အခြားလူ တစ်ဒါဇင်ကျော်ကို ထောင်ဒ-ဏ်ချမှတ်ခဲ့ကြောင်း တရားရုံးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။       ၁၉၉၀ ပြည့်လွန်အစောပိုင်း နှစ်များတွင် နိုင်ငံသားဥပဒေများ ပြင်ဆင်ပြောင်းလဲလိုက်မှုကြောင့် နီပေါလူမျိုး ၁ သိန်းကျော်သည် ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ရပြီး အများအပြားသည် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိက၊ ဥရောပနှင့် အခြားနေရာများတွင် နေရာသစ်များ ရရှိခဲ့သည်။            ၂၀၁၈ ခုနှစ်တွက် အဆုံးသတ်ခဲ့သော နေရာချထားရေးအစီအစဉ်တွင် အကြီးတန်းအရာရှိများပါဝင်သော လိမ်လည်မှုသည် အစီအစဉ်တွင် အကျုံးမဝင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071