Friday, December 5, 2025

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော်...

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင်...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင်...

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ပြောကြားခဲ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ဒီဇင်ဘာ ၂ ရက်က ချုံချင့်မြူနီစီပယ်မြို့၊ ပေ‌‌ပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ကျင်းပသည့် စီးပွားရေးနှင့်...

မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်ရှိ မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီး၌ ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့လည် ၃ နာရီက ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။ ဘုရားကြီးပရိဝုဏ်အတွင်း...
HomeNewsLocal Newsနိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပေး

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စက်ခလုတ်နှိပ်ပြီးဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ် ၍ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ်အ တွင်းကြည့်ရှုပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗ ဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်ယာယီသမ္မတထံသို့ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အ ဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရလက် ဆောင်ကိုဂါရဝပြုပေးအပ်ပြီးနောက် နိုင်ငံတော်ယာယီသမ္မတမှ တက်ရောက်လာကြသူများအားနှုတ်ဆက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အ ဆောက်အဦသစ်တည်ဆောက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများအားကြည့်ရှခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်မှ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ်အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ငွေရေးကြေး ရေးကဏ္ဍကို ဗဟိုဘဏ်အနေဖြင့်ပိုမိုထိရောက်စွာကြီး ကြပ်ထိန်းကျောင်းနိုင်ရေး၊ ဒေသအသီးသီး၏ ဖွံ့ဖြိုးမှုတွင်ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း ဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကိုပိုမိုဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏စီးပွားရေးအချက် အချာကျသည့် မန္တလေးမြို့တွင် ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို ၂၀၂၂-၂၀၂၃ ဘ ဏ္ဍာရေးနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး အဆောက် အဦသစ်အား နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အ ဆောက်အဦအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော် ကျဆင်း

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် (၄၄၅)ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုအပတ် ဒီဇင်ဘာ (၅)ရက်မှ (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးတွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတမှာကြား

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတသည် မဟာမြတ်မုနိဘုရားကြီးအားဖူးမြှော်ကြည်ညိုပြီးနောက် ဘုရားကြီးရှိ သာသနိကအဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြန် လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင် ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကိုပေးအပ်လှူဒါန်းပြီး ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမတို့တွင် ငလျင်ဒဏ်ဖြစ်ပေါ်ချိန်၌ ပြင်းထန်သောလှုပ်ခတ်မှုများကြောင့်မြေခခဲ့ရသည့်...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ပြောကြားခဲ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ဒီဇင်ဘာ ၂ ရက်က ချုံချင့်မြူနီစီပယ်မြို့၊ ပေ‌‌ပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ကျင်းပသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက်ရှိမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အ ခွင့်အလမ်းများဖန်တီးပေးနေမှု၊ မြန်မာ-ချုံချင့်ကြား ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် နည်းပညာဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့ကို မြန်မာကောင် စစ်ဝန်ချုပ်က ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအား ချုံချင့်မြူနီစီပယ် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ပေပေ့ခရိုင်ပြည်သူ့အစိုးရတို့မှကြီးမှူး၍ ခရိုင်နှင့် ကောင်တီအစိုးရဌာန များနှင့် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071