Sunday, June 28, 2026

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeNewsLocal Newsနိုင်ငံခြားသားနည်းပြ ခေါ်ယူရာတွင် Black...

နိုင်ငံခြားသားနည်းပြ ခေါ်ယူရာတွင် Black List စစ်ရန် အချက်အလက်ကို အနည်းဆုံးနှစ်လ ကြိုတင်ခွင့်ပြုချက်ယူရမည်

နိုင်ငံခြားသားနည်းပြများအား ငှားရမ်းခေါ်ယူခြင်းတို့ ဆောင်ရွက်ရာတွင် Black List စစ်ရန်အတွက် Data အချက်အလက် အစုံအလင်ကို အားကစားနှင့် ကာယ ပညာဦးစီးဌာနသို့ အနည်းဆုံးနှစ်လ ကြိုတင်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက ပြောကြားသည်။

ထို့ပြင် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် ပြိုင်ပွဲများသွား‌ရောက်ခြင်း ၊ ပြည်ပနိုင်ငံများ၌ အစည်းအ‌ဝေးတက်‌ရောက်ခြင်းများလည်း ပါဝင်ကြောင်း ဆိုသည်။

မေလ (၁၂) ရက်က ကျင်းပြုလုပ်သည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၂၁၁)ရက်သာ လိုတော့သည့်အတွက် အစည်းအဝေးကို နှစ်ပတ်တစ်ကြိမ်ပြုလုပ်သွားရန် စီစဉ်ထားပြီး ဌာနမှတာဝန်ရှိသူများနှင့်အတူ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့ ဝိုင်းဝန်းပူးပေါင်း၍ ကူညီကြပ်မတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြား သည်။

ထို့ပြင် မိမိအားကစားနည်းအလိုက် အုပ်ချုပ်/ နည်းပြ များကလည်း အားကစားသမားများ စည်းကမ်းတကျလိုက်နာဆောင်ရွက်လေ့ကျင့်ကြရန် ဆောင်ရွက်ပေးကြရန် ၊ စခန်းသွင်းအားကစားသမားများ ခွင့်တောင်းခံရာ၌ အဖွဲ့ချုပ် ဥ က္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သိရှိခွင့်ပြုပြီး ဌာနသို့ ဆက်လက်တင်ပြဆောင်ရွက်သွားရန်၊ စခန်းသွင်းအားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှု စစ်ဆေးပြီး နေ ထိုင်စားသောက် လေ့ကျင့်ရေးကိစ္စရပ်များနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် အားလုံးစုပေါင်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးနှင့် ဌာနတာဝန်ရှိသူများ ပြိုင်ပွဲဝင် အား ကစားအဖွဲ့ချုပ် တာဝန်ရှိသူများများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ စာမေးပွဲအောင်မြင်သူ(၆၈၄)ဦးရှိ

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းများအရ မကွေးတိုင်း၊ မင်းဘူး(စကု) မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် ခဲ့ကြောင်း သိရသည်။ မင်းဘူး(စကု)မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူသည် "ပညာအလင်းရောင်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းဘူး(စကု)မြို့နယ်မှ ကျောင်းသား/သူ(၁,၁၉၅)ဦးရှိပြီး အောင်မြင်သူ(၆၈၄)ဦးရှိခဲ့ကာ ယင်း အနက် (၅)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊...

The Whole Burma First ရခဲ့သူ သမီးလေး မသီရိစိုးကို ဂုဏ်ပြုအနမ်းချွေခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကြည်နူးစရာမြင်ကွင်း

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂ မှတ်နဲ့ရရှိခဲ့ပါတယ်။ သမီးလေးအတွက် ဖေဖေ ဦးတင်အောင်ဝင်း၊ မေမေ ဒေါ်ဦးခင်ကျော့တို့က ဂုဏ်ပြုအနမ်းလက်ဆောင်ပေးနေတဲ့ ကြည်နူးစရာပုံရိပ်ကို ပရိသတ်တွေ ထပ်တူခံစားရအောင် ဖော်ပြပေးလိုက်ပါတယ်။

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦးအပါအဝင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၂,၈၆၅) ဦးရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ ကြေညာခဲ့ရာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စာစစ်ဌာန (၉) ခု၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၄,၅၅၃) ဦးအနက် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး အပါအဝင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ (၂,၈၆၅) ဦး ရှိခဲ့ကြောင်း သိရသည်။ (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071