နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးနိုင်မင်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ၊ နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှတာဝန်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။
