နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ အမျိုးသားအဆင့်အသင်းအဖွဲ့ ဖွံဖြိုးမှုနှင့် ညှိနှိင်းမှုဆိုင်ရာ Under – Secretary – General Mr. Milton Xavier Castellanos Mosquera ကို ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
IFRC ၏ Under-Secretary-General က မန္တလေးငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IFRC နှင့် MRCS တို ပူးပေါင်း၍ အကူအညီပေးအပ်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဆွေးနွေးပြောကြားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံအစည်းအဝေးသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
