Sunday, September 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့်...

အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။ ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ...

အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန်...

နေပြည်တော်၊ စက်တင်ဘာ ၅ ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအား ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏...

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မြည်းပုသားပေါက်လေး အောင်မြင်စွာ မွေးဖွား

ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် နံနက် (၆:၃၀) နာရီအချိန်၌ ချစ်စရာကောင်းသော မြည်းပု...
HomeNewsLocal Newsနိုင်ငံခြားငွေလဲလှယ်သည့် လုပ်ငန်းလုပ်ကိုင်သည့် Money...

နိုင်ငံခြားငွေလဲလှယ်သည့် လုပ်ငန်းလုပ်ကိုင်သည့် Money Changer (၁၀) ခုကို လိုင်စင်ရုပ်သိမ်းခြင်းနှင့် ဆိုင်းငံ့ခြင်းများပြုလုပ်

ဗဟိုဘဏ်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုမလိုက်နာဟုဆိုကာ Money Changer (၁၀) ခုကို လိုင်စင်ရုပ်သိမ်းခြင်းနှင့် ဆိုင်းငံ့ခြင်းများပြုလုပ်၍ အရေးယူဆောင်ရွက်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ Best Yuan Money Changer Co.,ltd ၊ Currency Hub Co.,ltd ၊ Globextra Co.,ltd ၊ My Gold Myanmar Co.,ltd ၊ Sym Chem Co.,ltd ၊ Win Yadana Gems & Jewellery Co.,ltd တို့အား မတ် (၂၆) ရက်မှစတင်ပြီး လိုင်စင်ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အလားတူ Farmer Phoyarzar Auto Mobile Services Co.,ltd ၊ PAAMAA Co.,ltd ၊ Source Strategy Consul tant & Development Co.,ltd ၊ Wu Fu Co.,ltd တို့ကိုလည်း မတ် (၂၆) ရက်မှစတင်ကာ လိုင်စင် ခြောက်လ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင် ငွေလဲကောင်တာများကို ရှောင်တခင် စတင်ဝင်ရောက်စစ်ဆေးခဲ့သည့် မတ်လ (၆)ရက်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer (၁၁) ခုအား လိုင်စင် ရုပ်သိမ်းခြင်း၊ Money Changer (၅)ခုအား လိုင်စင်သုံးလ ဆိုင်းငံ့ခြင်းနှင့် Money Changer (၆) ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့်စုစုပေါင်း Money Changer လိုင်စင် (၂၂) ခုအား အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

မတ်လ (၁) ရက်တွင် ပြင်ပငွေကြေးဈေးကွက်အတွင်း၌ တစ်ဒေါ်လာ ၃၆၃၀ သာရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ၃၈၀၀ ကျော်အထိမြင့်တက်နေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် နှစ် ၅၀ ပြည့် ရွှေရတုသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံသည် ၂၀၁၇...

အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။ ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့(အပြန်လမ်း)တွင်ဖြစ် သည်။ ထို့ကြောင့် ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ၍ နေပြည်​တော်ဘက်မှလာ​သောယာဥ်များအနေဖြင့် လုပ်ငန်းခွင်အနီးရောက်ရှိချိန်၌ ဂရုတစိုက်အရှိန်လျှော့မောင်းနှင်ကြရန်နှင့် မိုးရွာနေချိန်/ညအချိန်များတွင် ပိုမိုသတိထား မောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။

အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားတွဲ ခဲဖြင့်ပေါက်ခံရ၊ ကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

နေပြည်တော်၊ စက်တင်ဘာ ၅ ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအား ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျ-က်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို့ ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။ ခဲဖြင့်ပစ်ပေါက်ခံရမှုကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071